ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ရုရှားနိုင်ငံမှ ဧည့်သည်တော်များ ပါဝင်တက်ရောက်နိုင်ရေး ဖိတ်ကြားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ-ရုရှား ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ်တွင် လိုက်ပါလာကြသည့် ကိုယ်စားလှယ်များအား လက်ခံတွေ့ဆုံစဉ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ် သည်။
မြန်မာနိုင်ငံသို့ ရုရှားခရီးသည်များလာရောက် လည်ပတ်မှုမှာ နှစ်စဉ်တိုးတက်လျက်ရှိသည့်အတွက် ယခုနှစ် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပဉ္စမအကြိမ်မြောက်အမျိုးသား အားကစားပွဲတော်သို့ ရုရှားနိုင်ငံမှ ခရီးသွားများ လာရောက် ကြည့်ရှုနိုင်ရေးအတွက် ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာန အဆင့်၌ အားကစားနည်း (၆)မျိုး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်တွင် အားကစားနည်း (၂၃) မျိုး ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး ဖွင့်ပွဲပိတ်ပွဲ အခမ်းအနားများကိုလည်းကြီးကျယ်ခမ်းနားစွာ ကျင်းပသွားမည်ဖြစ်သည်။
အားကစားနည်းအလိုက် ပြိုင်ပွဲများတွင်လည်း အရည်အသွေး အဆင့်အတန်း မြင့်မားစွာ ယှဉ်ပြိုင်နိုင်ရေး ကြိုတင်ပြင်ဆင်စုဖွဲ့ လေ့ကျင့်မှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်းလည်း သိရသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
