မန္တလေး -လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နောင်ချိုမြို့နယ် ၊ အုမ္မတီး-အုမ္မခါး အနီး ထိတွေ့တိုက်ပွဲများကြောင့် မန္တလေး-ရှမ်း/မြောက် သွားလာမည့် ခရီးသွားများ ကွင်းရှောင်လမ်းများကိုအသုံးပြု သွားလာနေရသည်ဟု ဒေသတွင်း ခရီးသွားတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောသည်။
ယခုလ အောက်တိုဘာ (၁၉)ရက် နံနက်ပိုင်းမှစတင်၍ ဒေသတွင်းတိုက်ပွဲများကြောင့် ပြင်ဦးလွင်အထွက် မြိုင်ကြီးကွေ့မှ သွားလာခွင့်ပိတ်ဆို့ထားရာ ထိုကွင်းရှောင်လမ်းများကို စတင်အသုံးပြုနေရခြင်းဖြစ်သော်လည်း အခြေအနေပေါ်မူတည်၍ အပြောင်းအလဲ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိကြောင်း သိရသည်။
လက်ရှိတွင် ကွင်းရှောင်လမ်းများဖြစ်သည့် မန္တလေး-ဟန်မြင့်မိုရ်-ရွာငံ-ပင်းတယ-ရပ်စောက်-ကျောက်ဂူ-နမ့်လန်- သီပေါ-လားရှိုးလမ်းပိုင်း၊ မန္တလေး- တောင်ကြီး-ပင်လုံ-လဲချား-ကျေးသီး-မိုင်းရယ်-လားရှိုးလမ်းပိုင်းနှင့် ကျောက်ဂူ-တုံလော-ပန်ကေတု-ကျေးသီး-မိုင်းရယ်လမ်းပိုင်းများမှတစ်ဆင့် သွားလာနေကြကြောင်း သိရသည်။
အဆိုပါ လမ်းပိုင်းများအတွင်း မိုးရွာသွန်းမှုမရှိတော့သော်လည်း ယခင်မိုးရွာစဉ်အချိန်က ဖြစ်ပေါ်ခဲ့သော ရွှံနွှံများခြောက်သွေ့ကာ မြေစိုင်မြေခဲများဖြစ်ပေါ်နေပြီး ၊ယင်းတို့ကို ရှင်းလင်းကာ သွားလာနေကြရကြောင်းနှင့် လက်ရှိတွင် ကျောက်ဂူ-နမ့်လန်-သီပေါ-လားရှိုးလမ်းပိုင်းကို ပြင်ဆင်ပေးလျက်ရှိကြောင်း သိရသည်။
” လမ်းပိတ်ထားတော့ ရှမ်း/မြောက်ကို သွားဖို့ ရှမ်း/တောင်ကနေ တစ်ကွေ့တပတ် သွားနေရတာပေါ့။ စစ်ရေးအခြေအနေတင်းမာနေကြလို့လည်း ပိတ်ထားတာပေါ့။ အခုလည်း ရှမ်း/မြောက်ကနေ ရှမ်း/တောင်ဟိုပုံးကိုသွားနေတာ တစ်ကွေ့တစ်ပတ်ပဲ။ ဒီလမ်းပိုင်းတွေသွားဖို့က ကားကောင်းဖို့လည်းလိုသလို ဖုန်အရမ်းများတာကြောင့် အဲယားကွန်းကောင်းဖို့လည်း လိုတယ်။ နို့မိုဆိုမလွယ်ဘူး။ ကျောက်ဂူ-တုံလော-ပန်ကေတု-ကျေးသီး-မိုင်းရယ်လမ်းပိုင်းကတော့ မနက်စောစောထွက်ရင်နေ့ချင်းပေါက်ပါတယ်။”ဟု ၎င်းက ရှင်းပြသည်။
ယခုနှစ် ဇွန်လအတွင်း စတင်ဖြစ်ပွားလာခဲ့သည့် တစ်ကျော့ပြန် တိုက်ပွဲများကြောင့် ဒေသတွင်း ခရီးသွားများ သွားလာရေးခက်ခဲနေကြသလို လောင်စာဆီဈေးနှုန်းမြင့်တက်နေ၍ ခရီးစရိတ်များအဆမတန် မြင့်တက်နေမှုကြောင့် အခက်ကြုံတွေ့ရကြောင်းလည်း သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
