ထိုင်း-မြန်မာ ကုန်စည်စီးဆင်းရာ လမ်းကြောင်းဖြစ်သည့် မြဝတီ-ကော့ကရိတ် လမ်းပိုင်း (၄) ပိုင်းရှိရာ အဆိုပါ လမ်းပိုင်းများ ပြန်လည်ကောင်းမွန်လာပြီဖြစ်သဖြင့် ပုံမှန်ဖြတ်သန်းသွားလာနေကြပြီဖြစ်ကြောင်း ဒေသခံတစ်ဦးက ပေါ် ပြူလာနယူးစ်သို့ ပြောသည်။
ဒေါနတောင်တက်လမ်းအပါအဝင် (၁၀၁၈) လမ်း၊ ထို့ကော်ကိုးလမ်း၊ ကြက်ဥတောင်လမ်းပိုင်းများမှာ ပြန်လည်ပြင်ဆင်ပြီးဖြစ်သဖြင့် ယာဉ်အသွားအလာအသုံးပြုနေပြီဖြစ်ကြောင်း ဆိုသည်။
သို့သော် ဒေသတွင်း လက်နက်ကိုင်အဖွဲ့အစည်းများ၏ ဂိတ်ကြေးကောက်ခံမှု မြင့်မားခြင်း၊ ဂိတ်အရေအတွက် များပြားခြင်းတို့ကြောင့် ကုန်စည်စီးဆင်းမှုတွင် နှောင့်နှေးရသည့်အပြင် ပေးဆောင်ရသည့် အခွန်အခစရိတ် ကြီးမြင့်ခြင်းကြောင့် အခက်အခဲရှိနေကြကြောင်း သိရသည်။
“ဒီလမ်းပိုင်းတွေက လက်နက်ကိုင်အဖွဲ့အစည်းတွေ အထိုင်ချ ဂိတ်ဖွင့်ထားတဲ့လမ်းတွေ။ လမ်းတစ်လမ်းကို ဂိတ်ပေါင်းသုံးဆယ်လောက်ရှိတော့ ကုန်သည်တွေလည်း ဂိတ်ဖြတ်ကြေးနှုန်းကြောင့် စိတ်ညစ်နေရတယ်။ ကုန်စည်ကတော့ မြဝတီမှာ အစစ်အဆေးမရှိ တင်သွင်းသွားလာခွင့်ပြုနေပါတယ်။ ယိုးဒယားပစ္စည်းဈေးမြင့်တာလည်း ဒါတွေကြောင့်လည်းပါတယ်။ ဘားအံဘက်ကတော့မသိဘူးပေါ့”ဟု ၎င်းက ရှင်းပြသည်။
လက်ရှိတွင် ထိုင်း-မြန်မာ ကုန်စည်စီးဆင်းရာ အမှတ် (၂) ချစ်ကြည်ရေးတံတားမှ တရားဝင် ဂျူတီခွန်ဆောင်၍ တင်သွင်းခွင့်ပြုနေသော်လည်း အများစုမှာ တရားမဝင် နယ်စပ်ဂိတ်များမှတဆင့် တင်သွင်းမှုပိုများပြားကြောင်း သိရသည်။
ထို့ကြောင့် ထိုင်းကုန်စည်များမှာ ဈေးကွက်အတွင်းရှိနေသော်လည်း ဒေသတွင်း လက်နက်ကိုင်အဖွဲ့အစည်းများ၏ ဂိတ်ကြေးဖြတ်သန်းခ ကောက်ယူမှု ၊ တရားမဝင် တင်သွင်းခွင့်ပြုမှုများကြောင့် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းများ မြင့်တက်နေရခြင်းဖြစ်သည်ဟု သိရသည်။
ပုံစာ-ထို့ကော်ကိုး လမ်းပိုင်းတစ်နေရာအား တွေ့ရစဉ်( ပုံ အဟောင်း)

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
