ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့တွင် ဖြစ်ပွားခဲ့သည့် လူသ-တ်ပစ္စည်းလုယူမှုမှ ကျူးလွန်သူ (၂)ဦးကို (၃)ရက်အကြာတွင် မိတ္ထီလာမြို့၌ ဖမ်းဆီးရမိပြီဖြစ်ကြောင်း နာရေးကူညီမှုအသင်း(အောင်ပန်း)မှ သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ (၂၄)ရက်၊ နံနက် (၉)နာရီအချိန်ခန့်က ကလောမှ အောင်ပန်းသို့ ပြန်လာသည့် သားအမိ (၂) ဦးမှာ အောင်ပန်းမြို၊ အောင်ပန်း-ကလောလမ်း တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုရုံး နံဘေး မယ်ခိုတောင် အတက်လမ်း၌ ခေတ္တနားနေစဉ် အမည်မသိ အမျိုးသား( ၂)ဦး ရောက်လာပြီး ကျောက်ခဲထည့်ထားသည့် လွယ်အိတ်ဖြင့် ရိုက်နှက်ကာ ပါလာသော ဆိုင်ကယ်၊ ဆွဲကြိုး၊ လက်စွပ်များကို လုယက်ယူဆောင်ထွက်ပြေးသွားကြောင်း သိရသည်။
ထိုသို့ ရိုက်နှက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရ သားအမိ (၂) ဦးကို နာရေးကူညီမှုအသင်း(အောင်ပန်း)မှ တာဝန်သိ ပြည်သူများနှင့် ပူးပေါင်း၍ အောင်ပန်းဆေးရုံအရေးပေါ်ဌာနသို့ ပို့ဆောင်ပေးခဲ့ပြီး အောင်ပန်းဆေးရုံ၌ ဆရာဝန်/ဆရာမများမှ အရေးပေါ်ဆေးကုသပေးသော်လည်း လူနာများမှာ ထိခိုက်ဒဏ်ရာပြင်းထန်သဖြင့် တောင်ကြီးစဝ်စံထွန်းဆေးရုံသို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြရာ တောင်ကြီးစဝ်စံထွန်းဆေးရုံသို့ ရောက်ပြီး မကြာမီအချိန်တွင် မိခင်ဖြစ်သူမှာ ရရှိဒဏ်ရာများဖြင့် ေ-သဆုံးခဲ့ကြောင်း သိရသည်။
၎င်းဖြစ်စဉ်ကို ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့် အမှုမှန်ပေါ်ပေါက်ရေး နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များမှ CCTV မှတ်တမ်းများမှ တဆင့် သက်ဆိုင်ရာ နယ်မြေခံ ရဲတပ်ဖွဲ့တို့ဖြင့် စုံစမ်းဖော်ထုတ်ခဲ့ရာ (၃)ရက်အကြာတွင် ကျူးလွန်သူ (၂)ဦးကို မိတ္ထီလာမြို့၌ ဖမ်းဆီးရမိခဲ့ပြီး လက်ရှိတွင် အောင်ပန်းမြို့သို့ ပြန်လည်ခေါ်ဆောင်လာပြီ ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
