ပရီးမီးယားလိဂ်တန်းတက် နော်တင်ဟမ်ဖောရက်စ်အသင်းသည် ယခုနွေရာသီကာလတွင် ကစားသမားသစ် ၂၁ ဦးအထိ ခေါ်ယူခဲ့ပြီး ဗြိတိန်ဘောလုံးလောကတွင် အပြောင်းအရွှေ့ကာလတစ်ခုအတွင်း ကစားသမားခေါ်ယူမှုအများဆုံးအဖြစ် စံချိန်သစ် တင်ခဲ့ကြောင်း သိရသည်။
နော်တင်ဟမ်အသင်းသည် နွေရာသီ အပြောင်းအရွှေ့ကာလ နောက်ဆုံးရက်ဖြစ်သည့် စက်တင်ဘာ ၁ ရက်တွင် ဝုလ်ဗ်အသင်း နောက်ခံလူ ဘိုလီ၊ ဘလက်ပူးလ်အသင်း တောင်ပံကစားသမား ဘိုလာနှင့် ရန်းစ်အသင်း နောက်ခံလူ ဘာဒီ (အငှား) တို့ကို ထပ်မံခေါ် ယူပြီးနောက် ကစားသမားခေါ်ယူမှု စုစုပေါင်း ၂၁ ဦးအထိ ရှိလာခြင်းဖြစ်သည်။
အပြောင်း အရွှေ့အချက်အလက်များ ဖော်ပြသည့်Transfermarkt ဝက်ဘ်ဆိုက်၏ မှတ်တမ်း အရ ယင်းအရေအတွက်မှာ ၂၀၀၀ ပြည့်နှစ်တွင် ဒန်ဒီးယူနိုက်တက်နှင့် ၂၀၀၁ ခုနှစ်တွင် လစ်ဗင်စတန်အသင်းတို့ ၁၉ ဦးစီခေါ်ယူခဲ့ သည့် ပူးတွဲစံချိန်ကိုကျော်ဖြတ်၍ ဗြိတိန်စံချိန်သစ်အဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ နော်တင်ဟမ်အသင်းသည် ၂၂ ဦးမြောက်အဖြစ် ချယ်လ်ဆီးအသင်းတိုက်စစ် မှူး ဘတ်ရှူအာယီကို ထပ်မံခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း သဘောတူညီမှုမရသဖြင့် လက်လျှော့ခဲ့ရခြင်းဖြစ်သည်။
နော်တင်ဟမ်အသင်းသည် ၁၉၉၉ ခုနှစ် နောက်ပိုင်း ၂၃ နှစ်အကြာတွင် တစ်ကျော့ပြန် တန်းတက်ခွင့်ရခြင်းဖြစ်သောကြောင့် ငွေကြေးအလုံးအရင်းအသုံးပြု၍ ပြင်ဆင်မှုများစွာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အငှားနှင့် စာချုပ်သစ် ချုပ်ဆိုမှုအပါအဝင် ကစားသမား ၂၁ ဦး အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၄၅ သန်း အသုံးပြုခဲ့ရကြောင်းTransfermarkt ၏ ဖော်ပြမှုအရ သိရသည်။
နော်တင်ဟမ်အသင်းသည် ဂိုးသမားနေရာအတွက် ဟန်နက်ဆီ၊ ဟန်ဒါဆန်၊ နောက်ခံလူနေရာအတွက် ဘီယန်ကိုနီ၊ နီယာခါတီ၊ အိုမာရစ်ချက်၊ နီကို ဝီလီယံ၊ တော့ဖ်ဖိုလို၊ ဘိုလီ၊ လိုဒီ၊ ဘာဒီ၊ ကွင်းလယ်နေရာအတွက် အိုဘရိုင်ယန်၊ လင်ဂတ်၊ မန်ဂါလာ၊ ကူယာတေး၊ ဖရူလာ၊ ဂစ်ဘ်ဝှိုက်၊ တိုက်စစ်နေရာအတွက် အာဝိုနီယီ၊ ဒန်းနစ်၊ ဟွမ်အူဂျို၊ ဘိုလာ၊ ဂျွန်ဆင်တို့ကိုခေါ်ယူခဲ့ပြီး ၎င်းင်းတို့အနက် ဝုလ်ဗ်အသင်းကွင်းလယ်လူ ဂစ်ဘ်ဝှိုက်အတွက် ကလပ်စံချိန်တင်ပြောင်း ရွှေ့ကြေး ပေါင် ၃၅ သန်း ပေးချေခဲ့ရသည်။
နော်တင်ဟမ်အသင်းအနေဖြင့် ကစားသမား သစ် ၂၁ ဦးအထိ ခေါ်ယူခဲ့သလို ကစားသမား ၁၈ ဦးကိုလည်း (ရောင်းချ၊ အငှား၊ စာချုပ်ကုန် ဆုံး) ထွက်ခွာခွင့်ပြုခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
