Top News

မန်ယူအသင်းအား ရောင်းထုတ်ရန် အသင်းပိုင်ရှင် ဂလေဇာမိသားစုကို ဂယ်ရီနဗီးလ် တောင်းဆို
24htopnews | October 27, 2024 5:12 PM CST

 

မန်ယူဂန္ထဝင် ဂယ်ရီနဗီးလ်က မန်ယူအသင်းအား ရောင်းထုတ်ရန် အသင်းပိုင်ရှင် ဂလေဇာမိသားစုကို တောင်းဆိုခဲ့ကြောင်းသိရသည်။ 

မန်ယူအသင်းပရိသတ်များသည် ဂလေဇာမိသားစုလက် ထက်တွင် အသင်းအောင်မြင်မှုရရန် ရုန်းကန်နေရခြင်း၊ အသင်း၏အကျိုးအမြတ်ကို ရယူခြင်းတို့ကြောင့် ဆန္ဒပြနေကြပြီး အသင်းကို ရောင်းထုတ်စေရန် အလိုရှိနေကြကြောင်း သိရှိရသည်။ 

မန်ယူဂန္ထဝင် ဂယ်ရီနဗီးလ်သည် ဂလေဇာမိသားစုကို တောက်လျှောက်ဝေဖန်ခဲ့ပြီး ယခုအခါ ၎င်းက "ဂျိုးယဲလ်နဲ့ အာဗရန်(ဂလေဇာ)။ ရှောင်လွဲလို့မရတာကို အချိန်ဆွဲမနေပါနဲ့။ အခုပဲ အသင်းကို ရောင်းလိုက်ပါ"ဟု ၎င်း၏ Twitter တွင် ရေးသားခဲ့သည်။ 


READ NEXT
Cancel OK