တူရကီဘောလုံးအဖွဲ့ချုပ် (TFF) ဘုတ်အဖွဲ့ဝင်များ အစည်းအဝေးပြုလုပ်နေစဉ်TFF အဆောက်အအုံအား သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်တွင် ဒဏ်ရာရသူမရှိကြောင်းTFF က ထုတ်ပြန်ခဲ့သည်။
စက်တင်ဘာ ၁ ရက် (ကြာသပတေးနေ့) ဒေသစံတော်ချိန် ညပိုင်းတွင်TFF ဘုတ်အ ဖွဲ့၏ ဒါရိုက်တာများသည် အစည်းအဝေးပြု လုပ်နေစဉ်အတွင်း တစ်စုံတစ်ယောက်ကTFF အဆောက်အအုံကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တူရကီ ပြည်ထဲရေးဝန်ကြီး ဆူလေမန်ဆော့လူက သေနတ်သမားသည် ၁၁ ချက်ပစ်ခတ်ခဲ့ပြီး ငါးချက်မှာTFF အဆောက်အအုံကို ထိမှန်ခဲ့ကြောင်း ပြောကြားသည်။ TFFတာဝန်ရှိ သူများက အဆိုပါဖြစ်စဉ်တွင် ဒဏ်ရာရရှိသူ မရှိကြောင်းနှင့် သေနတ်သမားကို ဖမ်းဆီး နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
TFF ၏ထုတ်ပြန်ချက်တွင် "တူရကီ ဘောလုံးအဖွဲ့ချုပ် ဘုတ်အဖွဲ့၏ ဒါရိုက်တာများအစည်းအဝေးပြုလုပ်နေချိန်တွင် အမည်မဖော်နိုင်သည့် လူပုဂ္ဂိုလ်တစ်ဦးသည် TFF အဆောက်အအုံကို သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုတွင် လူအသေအပျောက်နှင့် ဒဏ်ရာရသူမရှိသည် မှာ မိမိတို့အတွက် ကြီးမားသည့် ဖြေသိမ့်ရာ ဖြစ်ကြောင်း၊ မိမိတို့၏ လုံခြုံရေးအဖွဲ့သည် အချိန်တိုအတွင်းမှာပင် TFF အဆောက်အအုံအား ပစ်ခတ်သူကို ဖမ်းနိုင်ကြောင်း၊ ယခု ဖြစ်စဉ်တွင် ကျူးလွန်သူအား တူရကီတရားရေးအနေဖြင့် တရားမျှတမှုရှိစွာ ဆောင်ရွက်ပေးမည်ဟု မိမိတို့မျှော်လင့်ကြောင်း၊ TFF ဘုတ်အဖွဲ့ဝင်များအနေဖြင့် တူရကီဘောလုံး တိုးတက်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းနေကြပြီး ယခုတိုက်ခိုက်မှုမှာ တူရကီဘောလုံး တိုးတက်ရေးအတွက် လုပ်ဆောင်နေသည့် မိမိတို့၏လုပ်ငန်းစဉ်များ အဟန့်အတားဖြစ်စေမည်မဟုတ်ကြောင်း" ဖော်ပြပါရှိသည်။
တူရကီဂန္ထဝင်ဘောလုံးသမားနှင့် TFF ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ အယ်လ်တင်တော့ပ်သည် အဆိုပါအစည်းအဝေးကို တက်ရောက်ခဲ့ပြီး အဆောက်အအုံကို သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားချိန်တွင် ကြမ်းပြင်ပေါ် မှောက်နေခဲ့ကြောင်း ပြောကြားခဲ့သည်။ ၎င်းက "သေနတ်ပစ်ခတ်သံကြားချိန်မှာ ကျွန်တော်တို့အားလုံး အလျင်အမြန်ပဲ ကြမ်းပြင်ပေါ် ပြေးမှောက်ခဲ့ကြတာပါ။ ဘုတ်အဖွဲ့ က သူငယ်ချင်းတွေက ကျွန်တော် ဒဏ်ရာရသွားတယ်လို့ ထင်ခဲ့ကြတာပါ။ ကျွန်တော်တို့ အရမ်းကံကောင်းခဲ့ပါတယ်။ ကျူးလွန်သူတွေ ကို မကြာခင် အပြစ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်"ဟု ပြောကြားခဲ့သည်။
TFF အဆောက်အအုံကို ပစ်ခတ်ခဲ့သည့် သေနတ်သမားမှာ လက်ရှိတွင် ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ၎င်း၏လုပ်ရပ်အတွက် စွဲချက်ခံရဖွယ်ရှိကြောင်း သိရသည်။ TFF က ပြစ်မှုကျူးလွန်သူကို ထိရောက်စွာ အရေးယူပေးရန် တူရကီတရားရေးကိုတောင်း ဆိုထားကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
