အီတလီလူမျိုးနည်းပြ အန်ဆယ်လော့တီက ရီးယဲလ်အသင်းနည်းပြဖြစ်ရသည်မှာ အလွန်ကံကောင်းကြောင်း ဘက်တစ်အသင်းကို (၂-၁)ဂိုးဖြင့် အနိုင်ရသည့် လာလီဂါပွဲစဉ်အပြီးတွင် ပြောကြားခဲ့သည်။
ထို့ပြင် အန်ဆယ်လော့တီက လက်ရှိရီးယဲလ်အသင်းမှ လူငယ်ကစားသမားများကိုလည်း ချီးကျူးပြောဆိုခဲ့ကြောင်း သိရသည်။
ဘက်တစ်အသင်းနှင့်ပွဲစဉ်တွင် ရီးယဲလ်အသင်းအတွက် ဂိုးများကို လူငယ်ကစားသမားများဖြစ်သည့် ဗင်နီစီယပ်စ်နှင့် ရိုဒရီဂိုတို့က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
အန်ဆယ်လော့တီက "ရိုဒီရီဂိုက ကျွန်တော့်အတွက် ထူးခြားကောင်းမွန်တဲ့တိုက်စစ်မှူးပါပဲ။ သူက နေရာစုံကစားနိုင်ပြီး လျင်မြန်တယ်၊ ပါးနပ်တယ်။ ကျွန်တော့်အသင်းမှာ လူငယ်ကစားသမားများစွာဟာ အရည်အသွေးကောင်းမွန်သလို၊ မိုဒရစ်နဲ့ တိုနီကရို့စ်တို့လို ဝါရင့်တွေကလည်း အသင်းအတွက် အရေးကြီးတဲ့အစိတ်အပိုင်းအဖြစ် ရှိနေဆဲပါ။ ရီးယဲလ်လိုအသင်းမျိုးကို နည်းပြခွင့်ရတာ သိပ်ကံကောင်းပါတယ်" ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
