ဘာစီလိုနာအသင်းတိုက်စစ်မှူး လီဝန်ဒေါစကီးသည် ပထမဆုံးကစားသည့် လာလီဂါ (၄)ပွဲတွင် (၅)ဂိုးသွင်းယူနိုင်သော တတိယမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဆီဗီလာအသင်းနှင့်ပွဲစဉ်တွင် ဘာစီလိုနာအသင်းသည် အဝေးကွင်း၌ (၃-ဝ)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး လီဝန်ဒေါစကီးက (၁)ဂိုးသွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် လီဝန်ဒေါစကီးသည် ၎င်း၏ လာလီဂါ ကစားသမားဘဝပထမဆုံးကစားသည့် (၄)ပွဲတွင် (၅)ဂိုးသွင်းယူနိုင်သောမှတ်တမ်း ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။
လာလီဂါပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးကစားသည့် (၄)ပွဲတွင် (၅)ဂိုးသွင်းယူနိုင်သူများအဖြစ် စီရော်နယ်လ်ဒိုနှင့် ဖယ်လ်ကာအိုတို့ နှစ်ဦးသာရှိဖူးကြောင်း သိရသည်။
စီရော်နယ်လ်ဒိုသည် ၂၀၀၉ ခုနှစ်တွင် ရီးယဲလ်အသင်းသို့ရောက်ရှိပြီးနောက် ပထမဆုံးလာလီဂါ (၄)ပွဲ၌ (၅)ဂိုး သွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး ဖယ်လ်ကာအိုမှာမူ ၂၀၁၁ ခုနှစ်တွင် အက်သလက်တီကိုအသင်းသို့ရောက်ရှိပြီးနောက် ပထမဆုံးလာလီဂါ (၄)ပွဲ၌ (၅)ဂိုး သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
လီဝန်ဒေါစကီးသည် လက်ရှိရာသီ လာလီဂါပြိုင်ပွဲတွင် သွင်းဂိုးအများဆုံးကစားသမားဆုအတွက် အလေးပေးချက်၌ ရီးယဲလ်အသင်းတိုက်စစ်မှူး ဘန်ဇီမာနှင့်အတူ ထိပ်ဆုံးနေရာ၌ ရပ်တည်နေသည်။ လက်ရှိရာသီလာလီဂါပြိုင်ပွဲ၏ သွင်းဂိုးအများဆုံးကစားသမားဆုအတွက် အလေးပေးမှုတွင် ဘန်ဇီမာနှင့် လီဝန်ဒေါစကီးသည် ၂း၁ စီဖြင့် ထိပ်ဆုံးနေရာ၌ ပူးတွဲရေပန်းစားနေခြင်းဖြစ်သည်။
လက်ရှိလာလီဂါပွဲစဉ်(၄) ပြီးဆုံးချိန်တွင် ရီးယဲလ်အသင်းနှင့် ဘာစီလိုနာအသင်းတို့သည် (၁၁)ဂိုးစီရရှိထားပြီး ဘန်ဇီမာက ရီးယဲလ်အတွက် (၃)ဂိုးနှင့် လီဝန်ဒေါစကီးက (၅)ဂိုး သွင်းယူထားကြောင်း သိရသည်။
လီဝန်ဒေါစကီးသည် လက်ရှိရာသီ လာလီဂါသွင်းဂိုးအများဆုံးကစားသမားစာရင်းတွင် ဆယ်လ်တာဗီဂိုအသင်းတိုက်စစ်ကစားသမား အက်စ်ပက်စ်နှင့်အတူ ထိပ်ဆုံး၌ ပူးတွဲရပ်တည်နေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
