ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က ချမှတ်ထားသည့် ဘဏ္ဍာရေးမျှတမှုစည်းမျဉ်း (FFP)ချိုးဖောက်မှုကြောင့် PSG၊ ရိုးမား၊ အင်တာမီလန်၊ ဂျူဗင်တပ်စ်၊ အေစီမီလန်စသည့် ထိပ်သီးကလပ်များအပါအဝင် စုစုပေါင်းရှစ်သင်း ဒဏ်ကြေးချမှတ်ခံခဲ့ရကြောင်း သိရသည်။
UEFA သည် ၂၀၁၈ မှ ၂၀၂၂ ခုနှစ် အထိ ဘဏ္ဍာရေးနှစ်များအတွင်း FFP စည်းမျဉ်းအရ သတ်မှတ်ထားသည့်ပမာဏထက် ငွေကြေးပိုမိုသုံးစွဲခဲ့သည့် ကလပ်အသင်းများကို ပြစ်ဒဏ်ချမှတ်ခြင်းဖြစ်သည်။
ပြစ်ဒဏ်ချခံရသည့် ရှစ်သင်းအနက် PSG အသင်းက အများဆုံးအဖြစ် ယူရို ၁၀ သန်း ချမှတ်ခံရပြီး စီးရီးအေကလပ်များဖြစ်သည့် ရိုးမားအသင်းက ယူရိုငါးသန်း၊ အင်တာမီလန်အသင်းက ယူရိုလေးသန်း၊ ဂျူဗင်တပ်စ်အသင်းက ယူရို ၃ ဒသမ ၅ သန်း၊ အေစီမီလန်အသင်းက ယူရိုနှစ်သန်းနှင့် ဘက်ဆစ်တက်အသင်းက ယူရိုခြောက်သိန်း၊ မာဆေးလ်နှင့် မိုနာကိုအသင်းတို့က ယူရိုသုံးသိန်းစီ ချမှတ်ခံခဲ့ရသည်။
UEFA ၏ ဆုံးဖြတ်ချက်အရ ယင်းဒဏ်ကြေးစုစုပေါင်း ယူရို ၂၆ သန်းကို ဥရောပကလပ်ပြိုင်ပွဲများမှ အဆိုပါကလပ်များရရှိမည့်ဆုကြေးကို နုတ်ထားမည်ဖြစ်ပြီး လာမည့်သုံးနှစ်သို့မဟုတ် လေးနှစ်အတွင်း ဘဏ္ဍာရေးသတ်မှတ်ချက်ထက် ကျော်လွန်အသုံးပြုပါက ၎င်းတို့၏ဒဏ်ကြေးစုစုပေါင်းမှာ ယူရို ၁၄၆ သန်းအထိ မြင့်တက်လာမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် UEFA အနေဖြင့် လာမည့် ဘဏ္ဍာရေးနှစ်များအတွင်း အခြားကလပ် ၁၉ သင်းကို အနီးကပ်စောင့်ကြည့်မှုပြုလုပ်သွားမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ထားပြီး ယင်းစာရင်းတွင် ချယ်လ်ဆီး၊ လက်စတာ၊ မန်စီးတီး၊ ဝက်စ်ဟမ်း၊ ရိန်းဂျားစ်စသည့် အသင်းများ ပါဝင်နေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
