ပေကျင်း၊အောက်တိုဘာ ၂၆
အမေရိကအနေဖြင့် ထိုင်ဝမ်ကို လက်နက်ထောက်ပံ့နေမှုများကိုရပ်တန့်ရန်နှင့် ထိုင်ဝမ်ရေလက်ကြား၏ ငြိမ်းချမ်းတည်ငြိမ်းရေးကိုထိပါးနိုင်သည့် အန္တရာယ်များသောလုပ်ရပ်မျိုးထပ်မလုပ်ရန် တရုတ်ကအမေရိကကို တိုက်တွန်းခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးကပြောကြားခဲ့သည်။
အမေရိက၏ အဆင့်မြင့် မြေပြင်မှဝေဟင်ပစ် ဒုံးကျည်နှင့်ရေဒါစနစ်များအပါအဝင် ထိုင်ဝမ်သို့ အမေရိကန် ဒေါ်လာ ၁ ဒသမ ၉၈၈ ဘီလျံတန်ဖိုးရှိလက်နက်များ ရောင်းချရန်အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ခွင့်ပြုလိုက်ခြင်းကို ယခုကဲ့သို့ မှတ်ချက်ပြုပြောကြားခဲ့ခြင်း ဖြစ်သည်။
ထိုင်ဝမ်သို့ အမေရိက၏ လက်နက်ရောင်းချပေးမှုသည် တရုတ်တစ်ပြည်တည်းမူဝါဒနှင့် အမေရိကနှင့်တရုတ်ကြားရှိ ပူးတွဲကြေငြာချက်သုံးခုကိုပါ ချိုးဖောက်နေခြင်းဖြစ်သည်ဟုလည်း ဆက်လက်ပြောကြားခဲ့သည်။
လက်နက်ရောင်းချမှုသည် တရုတ် နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးအကျိုးစီးပွားကိုထိပါးစေပြီး တရုတ် – အမေရိကန် ဆက်ဆံရေးနှင့် ငြိမ်းချမ်းရေးတို့ကိုထိခိုက်စေကာ ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် တည်ငြိမ်ရေးကိုထိပါးစေပြီး ထိုင်ဝမ်ခွဲထွက်ရေးသမားများအတွက် အယူအဆမှားများဖြစ်စေသည်ဟုလည်းဆိုခဲ့သည်။
ထို့အပြင် တရုတ်အနေဖြင့်လည်း မိမိ၏အချုပ်အခြာအာဏာနှင့်အကျိုးစီးပွားကိုကာကွယ်ရန် ပြတ်ပြတ်သားသားတုန့်ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ် လောင်းအတည်ပြုပြောကြားခဲ့သည်။
Source : ရှင်းဟွာ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
