ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)၏ သားမက်ဖြစ်သူဒေါက်တာနေစိုးမောင်အား ပြည်ကြီးတံခွန်မြို့မရဲစခန်းတွင် အမှုဖွင့်ဖမ်းဆီးထားကြောင်း သိရသည်။
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သဖြင့် Dr Nay Soe Maung Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်နေ ဒေါက်တာ နေစိုးမောင်အား အောက်တိုဘာ ၂၃ ရက်တွင် ပြည်ကြီးတံခွန်မြို့မရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်မှုအရ သိရသည်။
ဒေါက်တာနေစိုးမောင်သည် ဗိုလ်ချုပ်တင်စိန်(ငြိမ်း)၏ သားဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)၏ သားသမက် တော်စပ်ကာ ကိုနေရွှေသွေးအောင်၏ ဖခင်လည်းဖြစ်သည်။
ထို့အတူ ဒေါက်တာနေစိုးမောင်သည် ပရဟိတနှင့် လူမှုရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသလို ၎င်း၏ဖေ့ဘွတ်စာမျက်နှာတွင် ရေးသားချက်အပေါ် တပ်မတော်ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင် မကြာခဏ ၎င်းအား ပြန်လည်ဝေဖန်မှုများရှိသည်။
NLD အစိုးရလက်ထက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့သည့် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခဲ့သည့်အချိန်တွင် ဒေါက်တာနေစိုးမောင်က ဝမ်းနည်းကြောင်း ရေးသားမှုများပြုလုပ်ခဲ့သည်ကို တွေ့ရသည်။
ဒေါက်တာနေစိုးမောင်၏ ရေးသားချက်တွင် “လေးစားသမှုနဲ့ ဂါဝရပြုအပ်ပါတယ်၊ ဆရာ့လက်ထက်မှာ ပြည်သူတွေကို ပျော်ရွှင်အောင်ထားနိုင်ခဲ့သလို မန္တလေးသူ မန္တလေးသားတွေကိုလည်းစိတ်အား တက်ကြွစေခဲ့တဲ့ မန္တလေးမြို့ကြီးကို Smart City ဖြစ်စေဖို့ ကြိုးစားခဲ့တဲ့ ဆရာ့ကို လေးစားပါတယ်။ မန္တလေးရောက်ရင် မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ ကျုံးပတ်လမ်းမှာ လမ်းလျောက်စက်ဘီးစီးတိုင်း ဆရာနဲ့ မြို့တော်ဝန် တို့ရဲ့ လက်ရာတွေကို ရင်သတ်ရှုမောတွေ့ရပါတယ်ဆရာ၊ ပြည်သူတွေအတွက် စွမ်းဆောင်ချက်တွေကို အမှတ်ရပြီး ဂါဝရပြုလိုက်ပါတယ်၊ဆရာ မြင့်မြတ်သောဘုံမှာ စံစားနိုင်ပါစေ” ဟု ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
