ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ (၂၆၁၃) နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်နှင့် (၁၂၅) ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော် ဖွင့်လှစ်အပူဇော်ခံပွဲကို နိုဝင်ဘာ ၈ ရက်မှ ၁၇ ရက်အထိ (၁၀) ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။
ပွဲတော်ကာလ (၁၀) ရက်တာအတွင်း ပျော်ပွဲရွှင်ပွဲများ၊ ကစားကွင်းများ၊ မြန်မာ့ရိုးရာခြင်းအလှခတ်ပြိုင်ပွဲနှင့် ပွဲတော်ဈေးဆိုင်တန်းများကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပွဲတော်ကို နိုဝင်ဘာ ၈ ရက် နံနက် ၅ နာရီခွဲတွင် စတင်ဖွင့်လှစ်၍ ဩဝါဒါစရိယဆရာတော်ကြီး ၁၀ ပါး အပါအဝင် သံဃာတော် ၁၀၈ ပါးကို အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းမည်ဖြစ်ပြီး စေတီတော်ရင်ပြင် အာရုံခံတန်ဆောင်း ၄ ခု၌ ဗုဒ္ဓါဘိသေက ဘုရားအနေကဇာတင်ခြင်း၊ တရားတော်နာယူပွဲ ကျင်းပခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အစရှိသည့် ဗုဒ္ဓပူဇနိယ အခမ်းအနားများကို ပြုလုပ်သွားမည်ဖြစ်သည်။
ပွဲတော်ဒုတိယနေ့ နိုဝင်ဘာ ၉ ရက် နံနက် ၉ နာရီတွင် ဗုဒ္ဓမြတ်စွယ်တော် ကိန်းဝပ်စံပါယ်တော်မူသည့် စိန်စေတီတော်၊ ပတ္တမြားစေတီတော်၊ ရွှေကလပ်တော်၊ မူလကြေးစေတီတော်နှင့် စန္ဒကူးကြုတ်တော်တို့ကို ရောင်တော်ဖွင့်ပွဲ ကျင်းပမည်ဖြစ်သည်။
နိုဝင်ဘာ ၁၁ ရက် ညနေ ၄ နာရီတွင် (၁၂၅) ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော် ဖွင့်လှစ်အပူဇော်ခံပွဲ ကျင်းပခြင်း၊ နိုဝင်ဘာ ၁၂ ရက် နံနက် ၆ နာရီတွင် ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပွဲ အခမ်းအနားကျင်းပခြင်းနှင့် နိုဝင်ဘာ ၁၃ ရက် ညနေ ၃ နာရီတွင် ရွှေဆံတော်စေတီတော်မြတ်ကြီးအား လက်ယာရစ် ၃ ကြိမ် လှည့်လည်အပူဇော်ခံပွဲကျင်းပခြင်းတို့ကို ပြုလုပ်သွားမည် ဖြစ်သည်။
ဗုဒ္ဓမြတ်စွယ်တော်ကို အများပြည်သူ ဖူးမြော်ကြည်ညိုနိုင်ရန် နိုဝင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိ နေ့စဉ်နံနက် ၅ နာရီခွဲမှ ည ၉ နာရီအထိ အပူဇော်ခံသွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောကြားထားသည်။
ပွဲတော်နောက်ဆုံးနေ့ နိုဝင်ဘာ ၁၇ ရက်တွင် ဗုဒ္ဓမြတ်စွယ်တော်ကို တစ်နှစ်တာ ကိန်းဝပ်စံပါယ်တော်မူမည့် မြတ်စွယ်တော်တိုက် ဂန္ဓကုဋီတိုက်အတွင်းသို့ ပြန်လည်ပင့်ဆောင်ပြီး ပိတ်ပွဲအခမ်းအနား ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
