ရှမ်း/တောင်၊ ပအိုဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ဟိုပုံးမြို့ ရေဘေးသင့်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ရှမ်း/မြောက် လူမှုကူညီရေးအဖွဲ့များ ယနေ့ အောက်တိုဘာ (၂၇) ရက်တွင် စတင်ထွက်ခွာကြောင်း သိရသည်။
လက်ရှိ ဟိုပုံးဒေအတွင်း ရေပြန်လည် ကျဆင်းသွားပြီဖြစ်သော်လည်း မြေပြိကျမှုကြောင့် အချို့နေအိမ်များ ပျက်စီးခဲ့ရသည့်အတွက် ဒေသခံများစစ်ရှောင်စခန်းများတွင် ယာယီသွားရောက်ခိုလှုံနေကြရကြောင်း မြေပြင်ကူညီဆောင်ရွက်ပေးနေသူတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။
“အခု ဟိုပုံးမြို့ ပတ်ဝန်းကျင်အနီးကကျေးရွာ ငါးရွာလောက်မှာ မိုးရွာပြီးနောက်မြေပြိုတာတွေရှိတော့ နေအိမ်အချို့ ပျက်စီးသွားတယ်ကြားရတယ်။ သူတို့တွေ ရာသီဥတုအခြေအနေကိုကြည့်ပြီး ပြန်ဆောက်ကြမှာပေါ့။ လောလောဆယ်တော့ အနီးအနားက စစ်ရှောင်စခန်းတွေမှာနေ နေတယ်ပြောတယ်။ ဒီအပေါ်မှာ ကျွန်တော်တို့ ဘာလုပ်ပေးသင့်တယ်ဆိုတာ သူတို့ ဒေသရောက်မှပဲ သိရမယ့်အခြေအနေပါ။ ကူညီ သူအရောက်အပေါက်နည်းတယ်။ ဒါကြောင့်လည်း သွားကူညီတာပါ”ဟု ၎င်းက ရှင်းပြသည်။
လက်ရှိတွင် ကူညီကယ်ဆယ်အဖွဲ့အနေဖြင့် လမ်းခရီးတလျှောက်တိုက်ပွဲဖြစ်ပွားရာ နေရာများကို ကွင်းရှောင်နေကြရသည့်အတွက် ခရီးစဉ်နှောင့်နှေးကြန့်ကြာနိုင်ကြောင်း သိရသည်။
ဟိုပုံးဒေသ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု (၃၀၀)အတွက် လတ်တလော ကူညီရန် အသင့်စားခေါက်ဆွဲခြောက်၊ ဆေးဝါး၊ အဝတ်အထည်၊ အမျိုးသမီး လစဉ်သုံးပစ္စည်းများနှင့် အခြားသော လိုအပ်မည့် လူသုံးကုန်ပစ္စည်းများကို ပေးအပ်ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုလ အောက်တိုဘာ (၁၉)ရက်တွင် ဟိုပုံးဒေသအပါအဝင် ရှမ်းပြည်နယ်တစ်ဝန်း မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းကြောင့် ရေကြီးရေလျှံဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
