တရုတ်နိုင်ငံ၏ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးဌာနသည် လာဘ်ပေး၊ လာဘ်ယူမှုများအပါအဝင် စည်းကမ်းချိုးဖောက်မှုများအတွက် ယခုနှစ်၏ ပထမကိုးလအတွင်း လူပေါင်း ၅၈၉,၀၀၀ ကို အရေးယူအပြစ်ပေးခဲ့သည်။
အရေးယူခံရသူများထဲတွင် ဝန်ကြီးအဆင့် သို့မဟုတ် ယင်းအဆင့်နှင့်ညီမျှသည့် အရာရှိ ၅၃ ဦး ပါဝင်ခဲ့သည်ဟု စနေနေ့က ၎င်း၏ ဝက်ဘ်ဆိုက်တွင် သတင်းထုတ်ပြန်ချက်၌ စည်းကမ်း စစ်ဆေးရေး ဗဟိုကော်မရှင်က ပြောကြားခဲ့သည်။
ထို့အပြင် အမှုပေါင်း ၂,၉၇၂ မှုကို ထပ်မံစုံစမ်းစစ်ဆေးမှုများ လုပ်နိုင်ရန်အတွက် အမှုလိုက်အရာရှိရုံးထံ လွှဲပြောင်းပေးခဲ့သည်ဟုလည်း ကော်မရှင်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ လက်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးစီမံချက်သည် ဘဏ္ဍာရေးလုပ်ငန်းကို အဓိကပစ်မှတ်ထားခဲ့ပြီး နှစ်နှစ်ဆက်တိုက် အကြီးတန်းအရာရှိ အများအပြားကို စံချိန်တင် အရေးယူခဲ့သည်။
အာဏာပိုင်များသည် ဘဏ်လုပ်ငန်းရှင်အချို့ကို အကျင့်ဆိုးဖျောက်မရသူများအဖြစ် တံဆိပ်ကပ်ခဲ့ပြီး ဘဏ္ဍာရေး အဂတိလိုက်စားမှုလုပ်ငန်းကော်မတီသစ်ကို ဖွဲ့စည်းခဲ့ခြင်းဖြင့် ယင်းကဏ္ဍကို အမြဲတမ်းကြီးကြပ်ထိန်းကွပ်ရန် တွန်းအားပေးမှုကို မြင်သာစေခဲ့သည်။
Ref: ဘန်ကောက်ပို့စ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
