လက်ဘနွန်နိုင်ငံ၏ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့က ၎င်းတို့သည် အစ္စရေး၏ တဲလ်အဗစ်မြို့တောင်ပိုင်းရှိ လေတပ်စခန်းတစ်ခုကို ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း အောက်တိုဘာ ၂၆ ရက်က ပြောကြားသည်။
ဟစ်ဇ်ဘိုလာနှင့် အစ္စရေးအကြား တစ်နှစ်ကြာ နယ်စပ်ဖြတ်ကျော်ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် ပြီးခဲ့သည့်လတွင် အစ္စရေးနှင့်ဟစ်ဇ်ဘိုလာအကြား စစ်ပွဲစတင်ဖြစ်ပွားခဲ့သည်။
ဟစ်ဇ်ဘိုလာအဖွဲ့သည် အစ္စရေးစစ်စခန်းများကို ပစ်မှတ်ထားတိုက်ခိုက်မှုများကို မကြာခဏကြေညာလေ့ရှိသော်လည်း တစ်နှစ်အတွင်း အစ္စရေး၏ မြို့တော်ဟောင်းဖြစ်သည့် တဲလ်အဗစ်မြို့အနီးရှိ Tel Nof လေတပ်စခန်းကို ဒရုန်းများဖြင့်လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ပထမဆုံးအကြိမ် ကြေညာခဲ့ခြင်းဖြစ်သည်။
အစ္စရေးကလည်း လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ပြင်းပြင်းထန်ထန်လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေသဖြင့် အဆောက်အအုံများစွာ ထိခိုက်ပျက်စီးလျက်ရှိသည်။
■Ref:AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
