မဲဆန္ဒရှင် ၂၈ သန်းကျော်သည် အကြိမ် ၆၀ မြောက်အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် ကြိုတင်မဲများပေးခဲ့ကြသည်ဟု သိရသည်။
လူ ၂၈ ဒသမ ၆ သန်းသည် ကြိုတင်မဲပေးခွင့်ရှိသော ပြည်နယ်များတွင် အောက်တိုဘာ ၂၄ ရက်တွင် မဲပေးခဲ့ကြသည်ဟု ဆိုသည်။
နိုဝင်ဘာ ၅ ရက် သမ္မတရွေးကောက်ပွဲမတိုင်မီ ယင်းသို့ကြိုတင်မဲပေးခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။ ကြိုတင်မဲပေးသူ ၄၃ ရာခိုင်နှုန်းသည် ဒီမိုကရက်တစ်များအဖြစ် မှတ်ပုံတင်ထားကြသူမျာဖြစ်ပြီး ရီပတ်ဘလီကင်များအဖြစ် မှတ်ပုံတင်ထားသူအရေအတွက်မှာ ၃၉ ရာခိုင်နှုန်းဖြစ်သည်ဟု အချက်အလက်များအရ သိရသည်။
မြောက်ကာရိုလိုင်းနားနှင့်ဂျော်ဂျီယာတို့လို အကြိတ်အနယ်ပြိုင်ရသော ပြည်နယ်များတွင် စံတင်ချိန် ကြိုတင်မဲများ ပေးခဲ့ကြသည်ဟု ဆိုသည်။ ဂျော်ဂျီယာပြည်နယ်တွင် မဲပေးခွင့်ရှိသူများထဲက ၂၅ ရာခိုင်နှုန်းကျော်သည် ကြိုတင်မဲပေးရာတွင် ပါဝင်ခဲ့ကြပြီး မြောက်ကိုရိုလိုင်းနားပြည်နယ်တွင် အောက်တိုဘာ ၂၄ ရက်အထိ စာတိုက်မဲပေးသူနှင့် ကိုင်တိုင်ကြိုတင်မဲပေးသူ နှစ်သန်းကျော်ရှိခဲ့သည်။
ဂျော်ဂျီယာ၌ နိုဝင်ဘာ ၁ ရက်အထိ ကြိုတင်မဲဆက်လက်ပေး၍ရမည်ဖြစ်ပြီး မြောက်ကာရိုလိုင်းနားပြည်နယ်တွင် နိုဝင်ဘာ ၂ ရက်အထိ ကြိုတင်မဲပေးနိုင်သည်ဟု ဆိုသည်။
နီဗားဒါးပြည်နယ်တွင်လည်း အောက်တိုဘာ ၂၄ ရက်အထိ ကြိုတင်မဲပေးသူ ၄၀၀၀၀၀ ရှိခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
