မန္တလေးမြို့တွင် ညမထွက်ရအမိန့် မလိုက်နာသူနှစ်ဦးအား ပုဒ်မ ၁၈၈ ဖြင့် အရေးယူရန် တရားရုံးသို့ ဦးတိုက်လျှောက်ထားဆောင်ရွက်နေကြောင်း အောင်မြေသာစံ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိသည်။
ဧပြီ ၂၁ ည ၁၁ နာရီ ၄၅မိနစ်ခန့်က မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၂၆ ဘီလမ်းနှင့် လမ်း ၈၀ ထောင့်တွင် ဟွန်ဒါဖစ်ကားနှင့်ဟိုက်ဂျက် မော်တော်ယာဉ်တို့အား ကိုယ်စီမောင်းနှင်လာသည့် အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတို့ကို တွေ့ရှိခဲ့သဖြင့် သက်ဆိုင်ရာရဲတပ်ဖွဲ့မှ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟွန်ဒါဖစ်မော်တော်ယာဉ်ကိုမောင်းနှင်လာသူ အမျိုးသမီးသည် ည ၉နာရီခွဲခန့်က သူငယ်ချင်းအိမ်မှပြန်လာစဉ် မျက်စိလည် လမ်းမှားပြီး စစ်ကိုင်းဘက်သို့သွားသည့် မြို့ပတ်ကမ်းနားလမ်းသို့ရောက်ရှိသွားသောကြောင့် သူမ၏ အစ်ကိုဖြစ်သူအား ဖုန်းဆက်ခေါ်ခဲ့ကြောင်း၊ ထို့နောက် အစ်ကိုဖြစ်သူနှင့်အတူ မောင်နှမနှစ်ယောက်ပြန်လာစဉ် လှည့်ကင်းရဲတပ်ဖွဲ့နင့်တွေ့ပြီး စစ်ဆေးခံခဲ့ရခြင်းဖြစ်သည်။
"ဟုတ်ပါတယ်။ ကားနဲ့ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးပါ။ ဒေသန္တရအမိန့်ကို မလိုက်နာတဲ့အတွက် ပုဒ်မ၁၈၈နဲ့ တရားရုံးဦးတိုက်လျှောက်ထားဖို့ လုပ်နေပါတယ်။ ကျန်တာ ရဲမေးပါ "ဟု အောင်မြေသာစံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်က ပြောကြားခဲ့သည်။
ထိုကဲ့သို့ အောင်မြေသာစံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏အမိန့်ကြေညာစာအရ ထုတ်ပြန်ထားရှိသော နေ့စဉ် ည ၁၀ နာရီမှ နံနက် ၄ နာရီထိ ညမထွက်ရအမိန့်အား ဖောက်ဖျက်ကျူးလွန်သဖြင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈ဖြင့် တရားရုံးတွင်ဦးတိုက်လျှောက်ထား အရေးယူရန် ဆောင်ရွက်နေသည်ဟု စုံစမ်းသိရသည်။
ပုဒ်မ ၁၈၈ အရ တားမြစ်ထားသောအမိန့်ကိုဖောက်ဖျက်လျှင် တစ်လထိ အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ နှစ်ရာထိငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
