နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာဖြင့် လွတ်မြောက်လာသူ တစ်ဦးအပါအဝင် လူနှစ်ဦးက အမျိုးသားတစ်ဦးအား ရိုက်နှက်ပြီး ဆိုင်ကယ်နှင့် ဖုန်း လုယူမှု မန္တလေးကျုံးဘေးတွင် ဧပြီလ ၁၉ ရက်ညက ဖြစ်ပွားခဲ့ရာ ကျူးလွန်သူများကို ချက်ချင်း ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ်ကျခံနေရပြီး နှစ်ဆန်းတစ်ရက်နေ့က လွတ်ငြိမ်းချမ်းသာဖြင့် လွတ်လာသည့် အမျိုးသား တစ်ဦးနှင့် သင်္ကြန်အကြိုနေ့က လွတ်ရက်စေ့၍ လွတ်လာသည့် အမျိုးသားတစ်ဦးတို့မှ ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။
ဖြစ်စဉ်မှာ ဧပြီလ ၁၉ ရက်နေ့ ည ၉ နာရီ ၅ဝ မိနစ်ခန့်က ကိုနိုင်နိုင်ဝင်း မောင်းနှင်လာသည့် ဆိုင်ကယ်မှာ ၂၆ ဘီလမ်း (ကျုံးတောင်ဘက်)၊ ၇၀ လမ်းနှင့် ၇၁ လမ်းကြားအရောက် အမျိုးသားနှစ်ဦး စီးလာသော ဆိုင်ကယ်တစ်စီးသည် အနားကပ်လာပြီး ကိုနိုင်နိုင်ဝင်းကို တုတ်ဖြင့်ရိုက်ကာ iPhone 6s၊ ပိုက်ဆံအိတ်နှင့် စကိုဖီ ဆိုင်ကယ်တို့အား လုယူသွားကြောင်း သိရသည်။
“ကျူးလွန်သူတစ်ဦးက ၂၀၂၃ မှာလွတ်မှာကို လွတ်ငြိမ်းနဲ့ နှစ်ဆန်းတစ်ရက်နေ့က ပြန်လွတ်လာသူရယ် သင်္ကြန်အကြိုနေ့မှာ လွတ်လာတဲ့သူတို့ နှစ်ဦးပါ။ နောက်စေ့ကိုရိုက်ပြီး လုသွားတာ ကံကောင်းလို့ မသေတာ။ အခုတော့ ဆေးရုံမှာပါ။ ဆေးမှုနဲ့ ကျလာသူဆိုတော့ ဆေးအတွက် လုပ်ကြပုံပဲ။ ဖြစ်ဖြစ်ချင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်ပြီး ရှာဖွေခဲ့တာမှာ မိပေမယ့် ဝန်မခံဘူး။ နောက်ရက်မှ ဝန်ခံတာ။ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေဆီ အကြောင်းကြားထားပြီး ချက်ချင်းသတင်းပို့ထား နိုင်တဲ့အတွက် ညတွင်းချင်း ဖမ်းမိခဲ့ပါတယ်” ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်ဝင်းကျော်ဦးက ဆိုသည်။
ဧပြီလ ၂၀ ရက်နေ့ နံနက်တွင် အမရပူရမြို့နယ်၊ မိုးကောင်းကျေးရွာတွင် နှစ်ဦးစလုံးအား ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။
ကျူးလွန်ခဲ့သူ နှစ်ဦးအား အမှတ် (၃) နယ်မြေရဲစခန်းတွင် (ပ)၁၆၂/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၃၉၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
