စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့နယ် သာစည်အဝိုင်းပတ်တွင် ဧပြီလ ၂၀ ရက်နေ့က COVID-19 ပညာပေးလုပ်ငန်း ဆောင်ရွက်နေသည့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်တစ်ဦး ဓားခုတ်ခံရကြောင်း မုံရွာနယ်မြေရဲစခန်း၏ ရဲမှတ်တမ်းများအရ သိရသည်။
မုံရွာမြို့နယ် သာစည်အဝိုင်းပတ်တွင် ဓားခုတ်ခံခဲ့ရသည့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်တစ်ဦး အပါအဝင် သက်ဆိုင်ရာ ဌာနများက COVID-19 ကူးစပ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပူးပေါင်းစစ်ဆေးရေး ဆောင်ရွက်မှု အပါအဝင် ပညာပေးလုပ်ငန်းများပါ ပူးတွဲလုပ်ဆောင်နေကြောင်း သိရသည်။
ထို့နောက် သာစည်အဝိုင်းပတ်ဘက်မှ မုံရွာမြို့တွင်းသို့ Mask မတပ်ဘဲ အောင်ကျော်မြင့် (၄၉) နှစ်၊ မုံရွာမြို့နယ် ဆုံကုန်းကျေးရွာနေသူမှ မော်တော်ဆိုင်ကယ်ဖြင့် မောင်းနှင်လာစဉ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်ကြီး --- က တားဆီး၍ Mask တပ်ရန် ပြောကြားခဲ့ကြောင်း သိရသည်။
ထို့သို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်ကြီး --- က တားဆီး၍ Mask တပ်ရန် ပြောကြားခဲ့မှုနှင့် ပတ်သက်၍ အောင်ကျော်မြင့် (၄၉) နှစ်၊ မုံရွာမြို့နယ် ဆုံကုန်းကျေးရွာနေသူက မကျေနပ်သဖြင့် ပြန်လှည့်သွားကာ ၄င်းဆိုင်ကယ်ဖြင့် နောက်တစ်ခေါက် ထပ်မံရောက်ရှိလာပြီး အရှည် (၃) ပေခန့်ရှိ ဓားရှည်ဖြင့် လှမ်းခုတ်ရာ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်ကြီး၏ နောက်ကြောတွင် ၁ လက္မခွဲခန့်ရှိ (မစိုးရိမ်ရ) ပွန်းခြစ်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က တရားခံ အောင်ကျော်မြင့် (၄၉) နှစ်၊ မုံရွာမြို့နယ် ဆုံကုန်းကျေးရွာနေသူကို လိုက်လံရှာဖွေ ဖမ်းဆီးရမိခဲ့ပြီး မုံရွာနယ်မြေရဲစခန်းမှ တရားခံ အောင်ကျော်မြင့် (၄၉) နှစ်အား (ပ) ၁၇၉/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၃၃၂ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
