မူဆယ်မြို့ စွမ်စော်ရပ်ကွက် ပန်လုံနယ်မြေ ပန်လုံကွက်သစ် သုဿန်အနီးရှိ အိမ်အမှတ် (ပလ/------ ) တွင် မြန်မာနိုင်ငံသား ခိုလုံလီလျှော လူငယ်နှစ်ဦးနှင့် တရုတ်နိုင်ငံသား သုံးဦး ဧပြီ ၁၈ ရက် နံနက် ၁ နာရီအချိန်ခန့်တွင် စကားများ ရန်ဖြစ်ရာမှ အနီးရှိ ကွန်ကရစ်တုံးဖြင့် ထုရိုက်ခဲ့မှုကြောင့် မြန်မာနိုင်ငံသား တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သေဆုံးသူ မိသားစု ဆွေမျိုးများထံက သိရှိရသည်။
"လွန်ခဲ့တဲ့ နှစ်လလောက်က ရွာကနေ ထွက်သွားပြီး မူဆယ်မှ အိမ်ခြံစောင့်အဖြစ် သွားရောက် လုပ်ကိုင်ခဲ့ပါတယ်။ ရွာမှာဆို ဒီကလေးနှစ်ဦးက အေးချမ်းစွာနေတယ်၊ စီးပွားရေးအမြင် မရှိဘူး။ ရိုးသားတယ်။ ဝင်ငွေရချင်တာကြောင့် သားကြီး ထန်တန်ဖူး (ခ) ချမ်းမော်က လွန်ခဲ့တဲ့ နှစ်လလောက်က ရွာက ထွက်သွားပြီး မူဆယ် အဲ့ဒီအိမ်မှာ ခြံစာင့်လုပ်ပါတယ်။လွန်ခဲ့တဲ့ လေးရက်လောက်မှာ သူ့ညီကို သူနဲ့အတူ ခြံစောင့်လုပ်ဖို့ လှမ်းခေါ်တာကြောင့် သားငယ် ကျန်ဖနိမ့် လိုက်သွားပြီး အလုပ်လုပ်ပါတယ်။ အခု မြင်ရတဲ့အတိုင်းပါဘဲ အစ်ကိုကြီး သေပြီး ညီက ဆေးရုံတက်နေရပါတယ်"ဟု မိသားစုနှင့် ဆွေမျိုးများက ပြောသည်။
၎င်းတို့ ညီအစ်ကိုနှစ်ဦးနှင့် တရုတ်နိုင်ငံသား သုံးဦးတို့သည် ငွေကြေးကိစ္စရရန်ရှိသည့် အကြောင်းဖြင့် စကားများ ရန်ဖြစ်ရာက အနီးရှိ ကွန်ကရစ် တုတ်တိုင်ဖြင့် ရိုက်ခဲ့မှုကြောင့် ထန်တန်ဖူး (ခ) ချမ်းမော်မှာ ဦးခေါင်းပေါက်ပြဲ ကြေမွဒဏ်ရာဖြင့် သေဆုံခဲ့ပြီး ညီဖြစ်သူ ကျင်ဖနိမ့် (ခ) ဝမ်လင် တွင် နှဖူးပေါက်ပြဲဒဏ်ရာ နှစ်ချက် ၊ ဦးခေါင်းထိပ် ပေါက်ပြဲဒဏ်ရာ တစ်ချက် တို့ရရှိခဲ့ကာ မူဆယ်ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူနေရပြီး စိုးရိမ်ရသည့် အခြေအနေတွင်ရှိကြောင်း သိရှိရကာ သေဆုံးသူ ထန်တန်ဖူး (ခ) ချမ်းမော်ကို ဧပြီ ၁၈ ရက် မွန်းလွဲ တစ်နာရီတွင် သင်္ဂြိုလ်ခဲ့ကြောင်းသိရပြီး ၎င်းတို့အား ခိုလုံလီရှော လူမှုရေးအသင်းအဖွဲ့များက ကူညီထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မူဆယ်မြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ ထန်တန်ဖူး (ခ) ချမ်းမော် ညီအစ်ကို နှစ်ဦးသည် လွန်ခဲ့သော သုံးရက်ခန့်က တရုတ်နိုင်ငံသား သုံးဦးနှင့် ရင်းနှီးခဲ့ကာ မူဆယ်မြို့ စွမ်စော်ရပ်ကွက် ပန်လုံနယ်မြေ ပန်လုံကွက်သစ် အိမ်အမှတ် (ပလ/------ ) တွင် ငှားရမ်း နေထိုင်ခဲ့ကြောင်း၊ ၎င်းတို့သည် ယင်းနေ့တွင် ငွေကြေးရလိုမှုကြောင့် စကားများရန်ဖြစ်၍ ရိုက်နှိုက်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း၊ ထန်တန်ဖူး (ခ) ချမ်းမော် ညီအစ်ကို နှစ်ဦးအား သေဆုံးဒဏ်ရာ ရအောင် အဆိုပါ တရုတ်နိုင်ငံသား သုံးဦးကို မူဆယ်မြို့မရဲစခန်းက ပထမသတင်းပေး တိုင်တန်းချက်အမှတ် (ပ)၂၂၄ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂/၃၂၆/၁၁၄ ဖြင့် အမှုဖွင့် အရေးယူထားပြီး တရားခံများ အမြန်ဆုံး ဖမ်းဆီးရရှိရန် ဆောင်ရွတ်နေကြောင်း မူဆယ်မြို့မရဲစခန်းမှူး ဒုရဲမှူး သန့်ဇော်ဦးက ပြောကြားသည်။
မူတယ်မြို့တွင် ယခုနှစ်အတွင်း လူသတ်မှု နှစ်မှုရှိခဲ့ပြီး ပထမ လူသတ်မှုမှာ မြန်မာ- တရုတ် နယ်စပ်အနီးရှိ မူဆယ်မြို့ ကောင်းမှု့တုံရပ်ကွက် မင်္ဂလာမူဆယ် စီးပွားရေးဇုန်အနီး မြေကွက်များဖော်နေသော မြေကွက်လပ်တွင် မတ် ၂၆ ရက်က မြေဖို့လုပ်ငန်း ကြီးကြပ်နေသူတစ်ဦးကို အမည်မသိ လူတစ်စုက ပစ်ခက်မှုဖြစ်ပွားခဲ့မှုကြောင့် သေဆုံးခဲ့ပြီး ယခုအကြိမ် လူသတ်မှုသည် ဒုတိယအကြိမ် ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
