မိတ္တီလာမြို့ ၊ဝန်ဇင်းရပ်ကွက်၊နယ်မြေ ၁၇-B တွင် ရန်ကုန်မှ ဧည့်သည်ရောက်ရှိနေကြောင်း သိရှိရသဖြင့် သွားရောက်မေးမြန်းသည့် ရာအိမ်မှုး တစ်ဦး ဓားခုတ်ခံရကြောင်း သိရသည်။
ဧပြီ ၁၅ ရက် ညနေပိုင်းက မိတ္တီလာမြို့ ၊ဝန်ဇင်းရပ်ကွက် နယ်မြေ ၁၇ -B နေ ရာအိမ်မှူး ဦးမြင့်နိုင် သည် ကိုထွန်းအောင်ကျော်(ခ)ကိုငယ်လေး (ဆယ်အိမ်စုမှူး) နေအိမ်တွင် ရန်ကုန်မှ ပြန်လာသော ရပ်ဝေး ဧည့််သည်များရောက်ရှိနေကြောင်း သိရှိရသဖြင့် ဦးနေဝင်း (ဆယ်အိမ်စုမှူး) နှင့်အတူ သွားရောက်မေးမြန်းရာ ကိုငယ်လေး (ခ)ကိုထွန်းအောင်ကျော်မှ မချေမငံ ပြန်လည်ပြောဆိုသဖြင့် ရပ်ကွက်ရုံးတွင်ရှင်းရန် ပြောဆိုပြီး ပြန်ထွက်စဉ် ကိုငယ်လေး(ခ)ကိုထွန်းအောင်ကျော်မှ မွေးစားသားဖြစ်သူ သက်ကျော် အား “ခုတ်ကွာ၊ ဒီကောင်ကို ခုတ်ကွာ” ဟု အော်ဟစ်ပြောဆိုသဖြင့် သက်ကျော်မှ ဓားရှည်ဖြင့် ဦးမြင့်နိုင် အား ခုတ်ခဲ့ ကြောင်း သိရသည်။
ဦးမြင့်နိုင်မှာ လက်နှင့် ဦးခေါင်းတွင် ဒဏ်ရာများ ရရှိခဲ့သဖြင့် မိတ္တီလာခရိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ကုသနေရကြောင်း ကနဦး သတင်းများအရ သိရှိရသည်။
“ဓားခုတ်တဲ့ လူတော့ လိုက်ဖမ်းနေပါတယ်၊ တစ်ယောက်တော့ မိထားပြီ”ဟု မိတ္တီလာမြို့နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။
“ချွန်ထက်သော အရာနဲ့ ပြင်းထန်အောင် နာကျင်အောင် လုပ်ရင် ဆယ်နှစ်ကနေ တစ်သက်တစ်ကျွန်း ထိ ချလို့ရတဲ့အပြင် ငွေဒဏ်လည်း ချမှတ်လို့ ရတယ်။ ၁၁၄ ကတော့ အားပေးကူညီတာ၊ ဒါပေမယ့် ဒီဖြစ်စဉ်ကို ပြန်ကြည့်ရင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ကုသရေး အတွက် ရာအိမ်မှူးက ဧည့်သည် ရောက်မရောက် သွားမေးတာ။ အဲ့ဒီမှာ စကားများပြီး ဓားခုတ်ခံရတာ။ အဲဒီလို ဖြစ်စဉ် အမှန်ဆိုရင် တော့ စွဲမယ်ဆိုရင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး ပုဒ်မ နဲ့လည်း ထပ်စွဲလို့ ရတယ်၊ သူက ရောဂါထိန်းချုပ်ရေးနဲ့ ပတ်သတ်ပြီး ၊ညွှန်ကြားချက်တွေကို လိုက်နာရန် ပျက်ကွက်တဲ့သဘော သက်ရောက်နေတယ်၊ အခု အလှူလုပ်တဲ့ လူတွေ၊ အန္တမ ဈာပနလုပ်တဲ့ လူတွေ ၊သင်းအုပ်ဆရာတွေကို တရားစွဲနေတဲ့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ပုဒ်မနဲ့ လည်း အိမ်ရှင်နဲ့ ဓားခုတ်တဲ့လူကို တရားစွဲလို့ ရနိုင်တယ်” ဟု မိတ္တီလာမြို့ ၊ ပေါက်ချောင်းရပ်ကွက်နေ တရားလွှတ်တော်ရှေ့ နေ တစ်ဦးမှ ပြောပြသည်။
အဆိုပါအမှုအား မိတ္တီလာမြို့ အမှတ်(၂) နယ်မြေ ရဲစခန်းမှ (ပ)၂၀၀/၂၀၂၀ ရာဇသတ်ကြီး ပုဒ်မ ၃၂၆/၁၁၄ ဖွင့်လှစ်ကာ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
