ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ကျီတော်ကျေးရွာတွင် ဧပြီ ၁၅ ရက် နံနက်အစောပိုင်းက နေအိမ်ရှေ့ ခုံတန်းလျားပေါ်၌ သားအမိနှစ်ဦးအား ဓါးဖြင့် ခုတ်သတ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း ထန်းတပင်မြို့မ ရဲစခန်းမှ သိရသည်။
အသတ်ခံရသည် သားအမိနှစ်ဦးမှာ ထန်းတပင်မြို့ နယ်၊ ကျီတော်ကျေးရွာနေ မဗေဒါ(ခ) မမြသက်မွန် ( ၃၉ )နှစ်နှင့်သားဖြစ်သူ ဗိုလ်ဗိုလ်ဦး ( ၁၃ )နှစ် တို့ဖြစ်ကြပြီး နှစ်ဦးလုံး လည်ပင်းပြတ်ရှ ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၁၅ ရက် နံနက် ၃ နာရီခွဲအချိန်ခန့်က ထန်းတပင်မြို့နယ် ကျီတော်ကျေးရွာနေ မအေးဝင်းမှ သူမ၏ အိမ်ခေါင်းရင်းတွင်နေသော မဗေဒါ(အသတ်ခံရသူ)၏ နေအိမ်မှ ကလေးအော်သံကြား ရသဖြင့် မဗေဒါ၏ ညီမဖြစ်သူ မမာလာဝင်းနေအိမ်သို့ သွားနှိုးခဲ့ကြောင်း သိရသည်။
ထိုသို့လာနှိုးသဖြင့် မမာလာဝင်းနှင့် ယောက်မတော်စပ်သူ အပါအဝင် လေးဦးခန့်တို့မှ အမဖြစ်သူ မဗေဒါ၏နေအိမ်သို့ သွားရောက်ကြည့်ရှုခဲ့ရာ နေအိမ်ရှေ့တန်းလျားရှည်နှစ်လုံးဆက်ထားသောနေရာ၌ မဗေဒါမှာ ပက်လက်အနေအထားဖြင့် ယာဘက်နားရွက်မှ ဝဲပါးစပ်အထိ ပြတ်ရှဒဏ်ရာတစ်ချက်၊ ယာလည်ပင်းပြတ်ရှဒဏ်ရာတစ်ချက် တို့ဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရပြီး သားဖြစ်သူ ဗိုလ်ဗိုလ်ဦးမှာ ခုံတန်းလျား ရှည်ခြေရင်း၌ ဝဲဘက်လည်ပင်းပြတ်ရှဒဏ်ရာတစ်ချက်၊ ဦးခေါင်းနောက်စေ့ ပြတ်ရှဒဏ်ရာတစ်ချက်၊ ဦးခေါင်းဂျိုစောင်း ပြတ်ရှ ဒဏ်ရာတစ်ချက်၊ ဦးခေါင်းထိပ် ပြတ်ရှဒဏ်ရာတစ်ချက်တို့ဖြင့် လဲကျနေပြီး အသက်သေဆုံးခြင်း မရှိသေးသည်ကို တွေ့ရကြောင်း၊ ဒဏ်ရာများဖြင့် လဲကျနေသော မောင်ဗိုလ်ဗိုလ်ဦးအား ထန်းတပင်မြို့ နယ် ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ကြသော်လည်း ဆေးရုံသို့ရောက်ရှိ ချိန်၌ မောင်ဗိုလ်ဗိုလ်ဦးမှာ ရရှိခဲ့သောဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း၊ အခင်းဖြစ်နေရာတွင် မဗေဒါနှင့်းသားဖြစ်သူ ဗိုလ်ဗိုလ်ဦးတို့နှစ်ဦးသာ တွေ့ရပြီး ၎င်း တို့အား ဓါးဖြင့်ခုတ်ခဲ့သူမှာ မည်သူမည်ဝါ ဖြစ်သည်ကို မသိရှိရကြောင်း သိရသည်။
ဖြစ်စဉ်အခြေအနေနှင့်ပတ်သက်ပြီး ထန်းတပင်မြို့မရဲစခန်းမှူး ဒုရဲမှူးနေလင်းအောင်က “သူတို့သားအမိနှစ်ယောက် အိပ်နေတာပေါ့။ ည နှစ်နာရီ ကျော်လောက်ကတော့ လာပြီးတော့ ဝင်ပြီးတော့ ဓါးနဲ့ခုတ် သွားတာပေါ့ ။ အဲ့ဒါလေးတော့သိတယ်၊ ဒဏ်ရာကတော့ အမျိုးသမီးကတော့ သုံးချက်ရတယ် လည်ပင်းမှာပေါ့နော်၊ ကလေးကလည်း ခေါင်းနဲ့လည်ပင်းမှာ အခုတ်ခံရတာပဲ၊ တရားခံတွေကတော့စုံစမ်းဆဲပါပဲ” ဟု ပြောကြားသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး အမဖြစ်သူ မဗေဒါနှင့်တူဖြစ်သူ မောင်ဗိုလ်ဗိုလ်ဦးတို့အား ဓါးဖြင့်ခုတ်သတ်သွားသောသူအား စုံစမ်းဖော်ထုတ် အရေးယူပေးပါရန် ညီမဖြစ်သူ မမာလာဝင်းက တရားလိုပြုလုပ် တိုင်တန်းခဲ့သောကြောင့် ထန်းတပင် မြို့မရဲစခန်းမှ(ပ) ၅၀/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် ဆောင်ရွက်ခဲ့ပြီး ပြစ်မှု ကျူးလွန်သွားသူအား ဖမ်းဆီး ရမိရေး စုံစမ်းစစ်ဆေး လျှက်ရှိကြောင်း ထန်းတပင် မြို့မ ရဲစခန်းမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
