စည်ပင်ဝန်ထမ်းနှစ်ဦး အတူအရက် ထိုင်သောက်ရင်း အစနောက်လွန်ကာ စကားများ ရန်ဖြစ်ရာမှ လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း ဧပြီ ၁၁ ရက်နေ့တွင် သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၁၁ ရက် ညနေ ၃ နာရီဝန်းကျင်က ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် ရှမ်းလေးစျေး (ဂွစျေး) နှင့်မကြီးကြီး လမ်းထောင့်ရှိ အမှိုက်ကန်တွင် တာဝန်ကျနေသည့် စည်ပင်ဝန်ထမ်းနှစ်ဦး အရက်အတူ ထိုင်သောက်ရင်း အစနောက်လွန်ရာမှ စကားများ ရန်ဖြစ်ပြီး လူသတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ဖြစ်တာကတော့ မွန်းလွဲသုံးနာရီ ဝန်းကျင်လောက်မှာပါ။ အရက်ထိုင်သောက်နေကျရင်း တစ်ယောက်ကို တစ်ယောက် စနောက်တာကနေ ဓားနဲ့ထိုးတာပါ။ ဓားက ခဲတံချွန်တဲ့ဓားနဲ့ လည်ပင်းကိုနှစ်ချက် လှီးလိုက်တာပါ။ သေတာကတော့ အဲ့နေရာမှာပဲ သေသွားတာပါ” ဟု အနီးဝန်းကျင်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။
အဆိုပါ အမှုဖြစ်စဉ်မှ ကျူးလွန်သူကို အခင်းဖြစ်နေရာတွင် ဖမ်းဆီးရမိခဲ့ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင်းထားပြီး အသေးစိတ် စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း စမ်းချောင်းမြို့နယ်ရဲစခန်းမှ စုံစမ်းသိရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
