အမရပူရမြို့နယ်တွင် ကျောင်းထိုင်ဆရာတော်တစ်ပါးက အမျိုးသမီးငယ်တစ်ဦးအား ဖုန်းဖြင့် ဓာတ်ပုံနှင့် ဗွီဒီယိုများရိုက်ကူး၍ အဓ္ဓမပြုကျင့်ရန်ကြံစည်သဖြင့် လူဝတ်လဲပြီး ပုဒ်မလေးခုဖြင့် အမှုဖွင့်ဖမ်းဆီးထားကြောင်း အမရပူရ ရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ အမရပူရမြို့နယ်၊ ဓနုံးကျေးရွာအုပ်စု၊ ယဉ်တော်စံ (၁) ကျေးရွာနေ မ…(၂၀) နှစ်သည် ဧပြီ ၆ ရက် မွန်းလွဲပိုင်းက မိခင်ဖြစ်သူနှင့်အတူ တံခွန်တိုင်စျေးသို့စျေးဝယ်ယူရန် ဆိုင်ကယ်ဖြင့်ထွက်ခဲ့ကြောင်း၊ ထိုသို့ထွက်ခဲ့ရာ ရန်ကုန်- မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၃၆၄/၄) အနီး လူပြတ်သည့် နေရာအရောက်တွင် ဓနုံးကျေးရွာရှိ ……. ကျောင်းထိုင်ဆရာတော်ဖြစ်သည့် ဦးသြဘာသမှ တရားလိုတို့ စီးနင်းလာသည့် ဆိုင်ကယ်ရှေ့မှ လမ်းပိတ်ပြီးနောက် ဆိုင်ကယ်ကို ရပ်တန့်ခိုင်းခဲ့ကြောင်း၊ ယင်းသို့ ဆိုင်ကယ်ကိုရပ်တန့်ခိုင်းပြီးနောက် ဦးသြဘာသက ဘာမှပြောဆိုခြင်းမရှိဘဲ မ…၏ ညာလက်ကိုလိမ်ချိုးပြီး ပါးအားတစ်ချက်ရိုက်ကာ ဆိုင်ကယ်ပေါ်မှ ဆွဲချခေါ်ဆောင်သွားခဲ့ကြောင်း၊ ထိုသို့ဖြစ်နေစဉ် မိခင်ဖြစ်သူမှ မလုပ်ရန် ပြောဆိုခဲ့သော်လည်းမရဘဲ ၎င်းစီးနင်းလာသည့်ကားပေါ်သို့ အတင်းဆွဲခေါ်ခဲ့ကြောင်း၊ မ……မှ “သမီးကိုဘာလုပ်တာလဲ” ဟု အော်ဟစ်ပြောဆိုရာ ဦးသြဘာသမှ မ……၏ပါးအား ထပ်မံရိုက်ခဲ့ပြီးနောက် အမည်မသိ ကားမောင်းသမားနှင့်အတူ ၎င်း၏ကျောင်းတိုက်သို့ ခေါ်ဆောင်သွားခဲ့ကြောင်း၊ ထိုသို့ ခေါ်ဆောင်သွားရာတွင် ကားပေါ်၌ မ…၏ပါးကို ထပ်မံရိုက်နှက်ခဲ့ကြောင်း၊ ကျောင်းဝန်းပေါက်သို့ရောက်ရှိချိန်၌ တရားလိုဖြစ်သူ မ…အား ကားပေါ်မှဆင်းခိုင်းခဲ့ပြီးနောက် ကျောင်းအောက်ထပ်ရှိအခန်းတစ်ခုထဲသို့ ခေါ်ဆောင်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့၏ အခင်းဖြစ်စဉ်မှတ်တမ်းများအရ သိရသည်။
ထိုသို့ ကျောင်းဝန်းအတွင်းရှိအခန်းထဲသို့ ဦးသြဘာသက မ… အား ခေါ်ဆောင်လာခဲ့ပြီးနောက် အခန်းတံခါးပိတ်၍ မ… ၏ လည်ပင်းကိုညစ်ကာ ပါးကိုထပ်မံရိုက်ခဲ့ကြောင်း၊ ယင်းနောက် မ…အား ဖုန်းဖြင့် ဓာတ်ပုံနှင့် ဗွီဒီယိုများရိုက်ကူးခဲ့ကြောင်း၊ ယင်းကဲ့သို့ ဖုန်းဖြင့် ဓာတ်ပုံဗွီဒီယိုများ ရိုက်ကူးပြီးနောက် သားမယားအဖြစ် ပြုကျင့်ရန်ကြံစည်ခဲ့ရာ တရားလို မ… က ယင်းကဲ့သို့မပြုလုပ်ရန်အတွက် အကြိမ်ကြိမ်ငိုယို၍ တောင်းပန်ခဲ့ရာ မ… အား ပြန်လွတ်ပေးခဲ့ကြောင်း၊ အခန်းအတွင်းမှ မ… က ပြန်ထွက်လာရာတွင် မိခင်ဖြစ်သူကို တွေ့ရှိခဲ့ပြီးနောက် မိခင်ဖြစ်သူနှင့်အတူ နေအိမ်သို့ပြန်လာခဲ့ကြောင်း၊ ထိုကဲ့သို့ ဆရာတော်ဦးသြဘာသမှ တရားလို မ… ၏ ပါးနှင့်လည်ပင်းတို့ကိုရိုက်ခဲ့သဖြင့် ယင်းနေရာများတွင် ညိုမဲနာကျင်ဒဏ်ရာများ ရရှိခဲ့သဖြင့် တရားလို မ… အား နာကျင်ဒဏ်ရာများရရှိစေကာ သားမယားအဖြစ် ပြုကျင့်ရန်ကြံစည်ခဲ့သော အမရပူရမြို့နယ်၊ ဓနုံးကျေးရွာအုပ်စု၊ ယဉ်တော်စံကျေးရွာမှ ရွှေရပ်တော် ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးသြဘာသ (လူအမည် ဦးအောင်မြင့်ဦး၊ (ဘ) ဦးသောင်းညွန့်)၊ ဝါတော်(၂၅) ဝါ၊ သက်တော် ၅၅ နှစ်အား တရားလို မ..... မှအရေးယူပေးရန် လာရောက်တိုင်ကြားခဲ့သည့် အမှုဖြစ်ကြောင်း ရဲတပ်ဖွဲ့၏မှတ်တမ်းများအရ သိရသည်။
ထိုသို့ သားမယားအဖြစ် ပြုကျင့်ရန်ကြံစည်ပြီး ညိုမဲနာကျင်ဒဏ်ရာများရရှိစေရန် ပြုလုပ်ခဲ့သည့် ဓနုံးကျေးရွာအုပ်စု၊ ယဉ်တော်စံကျေးရွာမှ ရွှေရပ်တော်ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးသြဘာသအား အမရပူရမြို့နယ်၊ မြစ်ငယ်နယ်မြေရဲစခန်းမှ (ပ) ၁၃၅/၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ ၂၉၅(က)၊ ၃၇၆၊ ၅၁၁၊ ၃၂၃ တို့ဖြင့် ဧပြီ ၇ ရက်က အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။ ထိုသို့ အမှုဖွင့်ခဲ့ပြီးနောက် သက်ဆိုင်ရာ မြို့နယ်သံဃနာယကအဖွဲ့ထံသို့ လျှောက်ထားခွင့်ပြုချက်ရယူပြီး အဖွဲ့ဝင်ဆရာတော်တစ်ပါးက ဦးသြဘာသကို လူဝတ်လဲပေးခဲ့ကာ အမရပူရမြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
