သရုပ်ဆောင် မင်းရာဇာနှင့် ဇနီးတို့ကို DKBA ထိန်းချုပ်နယ်မြေအတွင်း ဖမ်းဆီးရမိ
24htopnews | October 27, 2024 10:12 PM CST
ရွှေပေါက်ကံရဲစခန်းတွင် (ပ) ၅၀၅၊ ရာဇသတ်ကြီးပုဒ်မ ၃၂၄/၃၂၅ /၃၅၄ နှင့် ၁၁၄ ဖြင့် အမှုဖွင့်ခံထားရသည့် သရုပ်ဆောင် မင်းရာဇာနှင့် ဇနီးတို့ကို မြဝတီခရိုင်အတွင်းရှိ DKBA ထိန်းချုပ်နယ်မြေအတွင်း ယနေ့ ညနေက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
“ ဟုတ်ပါတယ် မင်းရာဇာ၊ သူ့ဇနီးရယ်၊ အဖော်တစ်ယောက်ရယ်ကို ယနေ့ ဖမ်းဆီးရမိထားပါတယ်။ ခုတော့ မြဝတီခရိုင် ရဲတပ်ဖွဲ့စခန်းကို ညတွင်းချင်းအပ်ဖို့ ကျောက်ခတ်မှာ သွားခေါ်နေပါပြီ” ဟု DKBA မှ တပ်မှူးတစ်ဦးက ပြောသည်။
မြဝတီခရိုင်အတွင်းရှိ DKBA (901) တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်မှူးစောထူးအောင် ဦးစီးသောအဖွဲ့မှ ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး မကြာခင် အချိန်အတွင်း မြဝတီခရိုင်ရဲတပ်ဖွဲ့သို့ အပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
