စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် COVID-19 ကပ်ရောဂါ ဒေသန္တရအမိန့်အား မလိုက်နာသည့် ဒေသခံတစ်ဦး ထောင်ဒဏ်ခြောက်လ ချမှတ်ခံခဲ့ရကြောင်း စုံစမ်းသိရသည်။
ဖြစ်စဉ်မှာ ခင်ဦးမြို့နယ်ရှိ လောင်းရှည်ကျေးရွာတွင် အလှူမင်္ဂလာပွဲ ပြုလုပ်ရန်စီစဉ်နေသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့တို့က အသိပေးတားမြစ်ပြောဆိုခဲ့ကြောင်း၊ ယင်းသို့ တားမြစ်ခဲ့သော်လည်း မတ် ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် လောင်းရှည်ကျေးရွာနေ အလှူ့ဒါယိကာ ဦးကျော်လွင်နှင့် အလှူဒါယိကာမ ဒေါ်ခင်မာဝင်းတို့၏အလှူမင်္ဂလာကို တစ်ရွာတည်းနေ ဦးသိန်းမြင့်၏ နေအိမ်ခြံဝန်းအတွင်း၌ ပြုလုပ်ခဲ့ကြောင်း၊ COVID-19 ကပ်ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ထိုကဲ့သို့လူစုလူဝေးဖြင့် အလှူမင်္ဂလာများ၊ ပွဲလမ်းသဘင်များ မကျင်းပရန်အတွက် သက်ဆိုင်ရာက ဒေသန္တရအမိန့်ထုတ်ပြန်တားမြစ်ထားသော်လည်း လိုက်နာခြင်းမရှိခဲ့သဖြင့် အလှူမင်္ဂလာပွဲလက်ခံကျင်းပခဲ့သည့် လောင်းရှည်ကျေးရွာနေ ဦးသိန်းမြင့်ကို ခင်ဦးမြို့နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ကိုလတ်က တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း ခင်ဦးမြို့မရဲစခန်း၏ မှတ်တမ်းများအရ သိရသည်။
အမှုနှင့်ပတ်သက်၍ ခင်ဦးမြို့နယ်တရားရုံးက ဧပြီ ၇ ရက်တွင် အပြီးသတ်အမိန့်ချမှတ်ခဲ့ရာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၀ (က) ဖြင့် လောင်းရှည်ကျေးရွာနေ ဦးသိန်းမြင့်ကို ထောင်ဒဏ်ခြောက်လ ချမှတ်ခဲ့ကြောင်း သိရသည်။
COVID-19 ကပ်ရောဂါအန္တရာယ်ကြောင့် ရောဂါကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် ခင်ဦးမြို့နယ် အတွင်းရှိ ရပ်ကွက်၊ကျေးရွာများတွင် အလှူပွဲများ၊ မင်္ဂလာပွဲများနှင့် အခြားပွဲလမ်းသဘင်များကို လူစုလူဝေးဖြင့် မပြုလုပ်ရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒေသန္တရအမိန့် ထုတ်ပြန်ကြေညာထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
