အိမ်အကူမိန်းကလေးကို အက်စစ်ဖြင့် ပက်သည်ဟုဆိုကာ သရုပ်ဆောင်မင်းရာဇာ အပါအဝင် သုံးဦးအား မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံနယ်မြေရဲစခန်းတွင် ပုဒ်မ လေးခုဖြင့် အမှုဖွင့်ထားကြောင်း မြောက်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က The Daily Eleven သတင်းစာသို့ အတည်ပြုပြောကြားသည်။
သရုပ်ဆောင်မင်းရာဇာ၊ ဇနီးဖြစ်သူနှင့် ယောက္ခမဖြစ်သူတို့ သုံးဦးကို အိမ်အကူ အမျိုးသမီး၏ မိခင်ဖြစ်သူက တရားလိုပြုလုပ်ပြီး ဧပြီ ၇ ရက် ညနေပိုင်းက အမှုဖွင့် တိုင်ကြားခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ တရားလိုဖြစ်သူသည် လွန်ခဲ့သည့် ရက်အနည်းငယ်က Facebook လူမှုကွန်ရက်စာမျက်နှာ၌ သရုပ်ဆောင်မင်းရာဇာ၏ဇနီး တင်ထားသည့် လူမှုရေးဖောက်ပြန်မှု အသံဖိုင်ကို သိရသည့်အတွက် သမီးဖြစ်သူထံ သွားရောက်မေးမြန်းခဲ့ကြောင်း သိရသည်။
ထိုသို့မေးမြန်းရာ ရွှေပေါက္ကံရှိ နေအိမ်သို့ သရုပ်ဆောင်မင်းရာဇာနှင့် ၎င်း၏ဇနီးတို့ရောက်ရှိလာပြီး ဘောင်းဘီချွတ်၍ အက်စစ်ဖြင့် ပက်ခဲ့ကြောင်း၊ လွန်ခဲ့သည့်နှစ်ရက်ခန့်ကလည်း မင်းရာဇာ၏ ယောက္ခမဖြစ်သူက ဦးခေါင်းကို တူဖြင့်ထုခြင်းကြောင့် သွေးထွက်ဒဏ်ရာများရရှိသည်ဟု ပြောကြားခြင်းကြောင့် ၎င်းက တရားလိုပြုလုပ်၍ အမှုဖွင့် တိုင်ကြားခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းအရ သိသည်။
“ အမှုဖွင့်ထားတာ ဟုတ်ပါတယ်။ ပုဒ်မ က ၃၂၄၊ ၃၂၅၊ ၃၅၄ လို့ ပြောတယ်။ မနေ့က ညနေ ၃ နာရီလောက်က အမှုဖွင့်ထားတာပါ” ဟု မြောက်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်က ပြောကြားသည်။
အမှုနှင့်ပတ်သက်ပြီး ရွှေပေါက္ကံရဲစခန်းသို့ သွားရောက်မေးမြန်းရာ တာဝန်ရှိသူများက ယင်းအမှုနှင့်ပတ်သက်၍ မြောက်ဥက္ကလာပဆေးရုံကြီးတွင် ရဲလုပ်ငန်းစဉ်များ သွားရောက်လုပ်ဆောင်လျက်ရှိကြောင်း ပြောကြားသည်။
လက်ရှိတွင် အက်စစ်ဖြင့်အပက်ခံရသည့် အိမ်အကူအမျိုးသမီးမှာ မြောက်ဥက္ကလာပဆေးရုံ သားဖွားမီးယပ်ဆောင် (၂) ၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
အဆိုပါအမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ရွှေပေါက္ကံရဲစခန်းက သရုပ်ဆောင်မင်းရာဇာပါ သုံးဦးကို (ပ) ၅၀၅၊ ရာဇသတ်ကြီးပုဒ်မ ၃၂၄/၃၂၅ /၃၅၄ နှင့်၁၁၄ စသည့် ပုဒ်မများဖြင့် အမှုဖွင့်ထားပြီး ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
