မြန်မာနိုင်ငံအတွင်းရှိ ရေဘေးသင့်ပြည်သူများကို ကူညီရန် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USAID က ရန် ပုံငွေ ဒေါ်လာ (၃) သန်း ပေးအပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက ထုတ်ပြန်အသိပေးထားသည်။
ရေဘေးသင့် ပြည်သူများ၏ လိုအပ်ချက်များကို လေ့လာရန်၊ USAID ၏ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးအပ်သည့် မိတ်ဖက်များနှင့် တွေ့ဆုံရန်၊ ကပ်ဘေးတုံ့ပြန်ရေးအတွက် အခြားနည်းလမ်းများရှာဖွေရန်အတွက် USAID ၏ သဘာဝဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေးကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ဖွဲ့က အောက်တိုဘာလဆန်းပိုင်းအတွင်း မြန်မာနိုင်ငံတွင်းရှိ ရေဘေးသင့်ဒေသများသို့ သွားရောက်ခဲ့သည့် ခရီးစဉ်၏ ရလဒ်တစ်ခုလည်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ငွေမှာ ကယ်ဆယ်ရေးပစ္စည်းများနှင့် အခြားအကူအညီများကို ဖြန့်ဖြူးခြင်းနှင့် ပျက်စီးဆုံးရှုံးမှုများအတွက် တုံ့ပြန်ဆောင်ရွက်မှုများကိုဆက်လက်ပြုလုပ်နေသည့် USA ID ၏ မိတ်ဖက်များအတွက် ဖြည့်စွက် ကူညီခြင်းတို့အပါအဝင် လူသားချင်းစာနာမှုအကူအညီ ပေးအပ်သည့်မိတ်ဖက်အဖွဲ့အစည်းများရေဘေးဒဏ်သင့်အသိုက်အဝန်းများအတွက် လိုအပ်ချက်များ ဖြည့်ဆည်းပေးရာ၌ ချောမွေ့အဆင်ပြေစေရန် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါ ထပ်တိုးရန်ပုံငွေမှာ မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုအကူအညီလိုအပ်မှုများကို ဖြေရှင်းရန် အမေရိကန်အစိုးရက ထပ်မံပေးအပ်ထားသည့် ရန်ပုံငွေ ဒေါ်လာ ၄၇ သန်းကျော်အပြင် ထပ်မံပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းတွင် ဒေါ်လာ ၁၇ သန်းကျော်မှာ USAID ၏လူသားချ င်းစာနာမှုဆိုင်ရာအကူအညီပေးရေးဗျူရိုမှဖြစ်ပြီး ဒေါ်လာ ၂၇သန်းနီးပါးမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန လူ ဦးရေ၊ ဒုက္ခသည်နှင့်ရွှေ့ပြောင်းသွားလာမှုဗျူရိုမှ ဖြစ်ကြော င်း သိရသည်။



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
