မြန်မာ-ရုရှား ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် နိုင်ငံတော်က သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သည့် ရုရှားခရီးသွားဧည့်သည်များအတွက် ဗီဇာကင်းလွတ်ခွင့်ကို တစ်နှစ် ထပ်မံခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဖြိုးဇော်စိုး၏ ပြောကြားချက်အရ သိရသည်။
မြန်မာ-ရုရှား ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် ရည်ရွယ်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ Tour Operator များနှင့် Tour Agency များပါဝင်သော ရင်းနှီးကျွမ်းဝင်မှုခရီးစဉ်တွင် လိုက်ပါလာသည့် ကိုယ်စားလှယ်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပွဲနှင့် Business Matching အခမ်းအနားတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အဓိက ခရီးစဉ်ဒေသများအကြား အချိန်တိုတိုအတွင်း သွားရောက်လည်ပတ်နိုင်စေရန်ချောင်းသာ၊ ငွေဆောင်ကမ်းခြေဒေသများနှင့် ချိတ်ဆက်နိုင်ရန် ရည်ရွယ်ပြီး ရန်ကုန် – ပုသိ မ် – ညောင်ဦး – မန္တလေးအသွားအပြန် လေကြောင်းခရီးစဉ်ကို ပြီးခဲ့သည့် အောက်တိုဘာ (၁၃) ရက်မှစတင်၍ ပျံသန်းပြေးဆွဲနေကြောင်း၊ နိုင်ငံတော်က သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သည့် ရုရှားခရီးသွားဧည့်သည်များအတွက် ဗီဇာကင်းလွတ်ခွင့်ကို တစ်နှစ် ထပ်မံခွင့်ပြုပေးခဲ့ပြီးဖြစ်ရာ ရုရှားခရီးသွားများ ပိုမိုလာရောက်လည်ပတ်စေရေး ဝိုင်းဝန်းဆောင်ရွက် ပေးစေလိုကြောင်းနှင့် မြန်မာ – ရုရှား နှစ်နိုင်ငံယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဖလှယ်ရေးခရီးလမ်းကြောင်း ရေရှည်တည်တံ့ခိုင်မြဲအောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးကပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှား ဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ စီးပွားရေးသံမှူးတို့က အမှာစကားပြောကြားကြပြီး ရင်းနှီးကျွမ်း ဝင်မှုခရီးစဉ်တွင် လိုက်ပါလာသည့် ကိုယ်စားလှယ်တစ်ဦးက ခရီးစဉ်အတွင်း ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများကို ပြန်လည်ရှင်းလင်းကာ မြန်မာနိုင်ငံသို့ ပိုမိုအဆင်ပြေစွာ လာရောက်နိုင်ရေးအတွက် သိရှိလိုသည့်အချက်အလက်ကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
