ရန်ကုန်-ပုသိမ်-ညောင်ဦး-မန္တလေး လေကြောင်းခရီးစဉ်ကို ချောင်းသာ၊ ငွေဆောင်ကမ်းခြေဒေသများနှင့်ချိတ်ဆက်နိုင်ရန်ရည်ရွယ်ပြေးဆွဲခြင်းဖြစ်သည်ဟု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးဖြိုးဇော်စိုးက ပြောသည်။
မြန်မာ-ရုရှား ခရီးသွားလုပ်ငန်းမြှင့်တင်ရန် ရုရှားနိုင်ငံမှ Tour Operator များနှင့် Tour Agency များပါဝင်သော ရင်းနှီးကျွမ်းဝင်မှုခရီးစဉ်တွင် လိုက်ပါလာသည့် ကိုယ်စားလှယ်အဖွဲ့များနှင့် ယမန်နေ့ အောက်တိုဘာ ၂၆ ရက်ညနေပိုင်းက ရန်ကုန်မြို့၌တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
အဓိကခရီးစဉ်ဒေသများကြား အချိန်တိုတိုအတွင်း သွားရောက်လည်ပတ်နိုင်စေရန်၊ ချောင်းသာ၊ ငွေဆောင်ကမ်းခြေဒေသများနှင့် ချိတ်ဆက်နိုင်ရန်ရည်ရွယ်၍ ရန်ကုန်-ပုသိမ်-ညောင်ဦး-မန္တလေး အသွားအပြန်လေကြောင်းခရီးစဉ်ကို အောက်တိုဘာ ၁၃ ရက်မှစတင်၍ ပျံသန်းပြေးဆွဲလျက်ရှိသည်ဟု ပြောသည်။
ထို့ပြင် နိုင်ငံတော်မှ သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် ရုရှားခရီးသွားဧည့်သည်များကို ဗီဇာကင်းလွတ်ခွင့် တစ်နှစ်ထပ်မံခွင့်ပြုပေးခဲ့ပြီးဖြစ်၍ ရုရှားခရီးသွားများပိုမိုလာရောက်လည်ပတ်စေရန် ဝိုင်းဝန်းဆောင်ရွက်ပေးစေလိုသည်ဟု ပြောသည်။
ထို့အတူ မြန်မာ-ရုရှား နှစ်နိုင်ငံယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဖလှယ်ရေးခရီးလမ်းကြောင်းရေရှည်တည်တံ့ခိုင်မြဲအောင် ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း ဟိုတယ်ခရီး ဒု-ဝန်ကြီးကပြောကြားခဲ့သည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
