ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ရေကြီးရေလျှံမှုကြောင့် ရေဘေးကြုံတွေ့ခဲ့ရသော နေပြည် တော်၊ တပ်ကုန်းမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများ၌ ဆန်စပါးအသင်းများပူးပေါင်း၍ ကထိန်အလှူပွဲကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စုပေါင်းမဟာဘုံကထိန်အလှူပွဲအား မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆန်စပါးညီနောင်အသင်းများ၊ မြန်မာနိုင်ငံဆန်စပါးမိသားစုများနှင့်ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း/ဘုရင့်နောင်/မူဆယ်)တို့မှ အသင်းသူ/အသင်းသားများက စုပေါင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ယခု စုပေါင်းမဟာဘုံကထိန်အလှူပွဲသည် အကြိမ်(၂၀)မြောက်ဖြစ်ပြီး လာမည့် နိုဝင်ဘာ ၁၅ ရက်တွင် တပ်ကုန်းမြို့နယ်ရှိ ရေဘေးသင့်ဘုန်းတော်ကြီးကျောင်းများ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်၌ စုပေါင်းမဟာဘုံကထိန်အလှူပွဲကျင်းပရန် ဆန်စပါးကုန်စည်ဒိုင်(ဘုရင့်နောင်)မှ ငွေကျပ်သိန်း(၅၀)မတည်လှူဒါန်းထားပြီးဖြစ်၍ အသင်းသူ/အသင်းသားများအနေဖြင့်လည်း ပါဝင်လှူဒါန်းနိုင်ကြောင်း အသိပေးနှိုးဆော်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
