ခရီးသွားလာမှု ကသောင်းကနင်းဖြစ်ရပ်များနှင့် နိုင်ငံတော်လုံခြုံရေးအတွက် ခြောက်ချားစေခဲ့သည့် အိန္ဒိယလေကြောင်းလိုင်းများကို ရာနှင့်ချီသော ဗုံးခြိမ်းခြောက်မှုအတုများဖြစ်ခဲ့၍ အရေးယူမည်ဟု ဆိုရှယ်မီဒီယာပလက်ဖောင်းများကို အိန္ဒိယအစိုးရက သတိပေးသည်။
ယင်းခြိမ်းခြောက်မှုများကြောင့် လေယာဉ်များသည် ကနေဒါနှင့် ဂျာမနီနိုင်ငံများသို့ လမ်းကြောင်းပြောင်းခဲ့ရခြင်းနှင့် ဗြိတိန်နှင့် စင်ကာပူ ဝေဟင်များရောက် လေယာဉ်များကို တိုက်လေယာဉ်များဖြင့် စောင့်ရှောက်ခေါ်ဆောင်ရခြင်းများ ဖြစ်စေခဲ့သည်။
ခြိမ်းခြောက်မှုများ ပျံ့နှံ့ခဲ့ခြင်းသည် အန္တရာယ်များလောက်အောင် အထိန်းအကွပ်မဲ့သည်ဟု အစိုးရက ပြောဆိုခဲ့သည်။
“သတင်းအမှားများကို ချက်ချင်းဖြုတ်ချခြင်း” စည်းကမ်းချက်ကို မလိုက်နာပါက ဆိုရှယ်မီဒီယာများအနေဖြင့် ပြဌာန်းထားသည့် ဥပဒေမှန်သမျှဖြင့် အရေးယူခံရမည်ဟု သတိပေးခဲ့သည်။
ယင်းကဲ့သို့ လေကြောင်းလိုင်းများကိုအတုအယောင် ဗုံးခြိမ်းခြောက်မှုများဖြင့် မသမာသည့်လုပ်ရပ်များသည် နိုင်ငံတော်၏ လုံခြုံရေးနှင့် အများပြည်သူ တည်ငြိမ်အေးချမ်းရေးကို အန္တရာယ်ဖြစ်စေသည်ဟု အောက်တိုဘာ ၂၆ ရက်က ထုတ်ပြန်ချက်တွင် အစိုးရက ပြောဆိုခဲ့သည်။
အတုအယောင် ဗုံးခြိမ်းခြောက်မှုများသည် နိုင်ငံသားအများအပြားကို ထိခိုက်စေသကဲ့သို့ တိုင်းပြည်၏ စီးပွားရေးကို မတည်မငြိမ်ဖြစ်စေသည်ဟုပြောကြားခဲ့သည်။
အောက်တိုဘာလလယ်မှစ၍ ဗုံးခြိမ်းခြောက်မှုပေါင်း ၂၇၅ ကြိမ်လုပ်ခဲ့ပြီး အားလုံးသည် အတုအယောင်များဖြစ်နေခဲ့သည်ဟု Press Trust of India သတင်းဌာနက ဖော်ပြခဲ့သည်။ အခြား အိန္ဒိယမီဒီယာများကမှု ခြိမ်းခြောက်မှု ဖြစ်စဉ်များသည် ၄၀၀ နီးပါးအထိ ရှိနိုင်သည်ဟု ဖော်ပြခဲ့ကြသည်။
Ref: သည်စထရိတ်တိုင်းမ်စ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
