တောင်အာဖရိကဖွား လုပ်ငန်းရှင် သူဌေးကြီး အီလွန်မတ်စ်သည် ကုမ္ပဏီတစ်ခု ကိုစတင်ထူထောင်စဉ် ၁၉၉၀ ပြည့်လွန်နှစ်များ ကာလက အမေရိကတွင် တရားမဝင် အလုပ်လုပ်ကိုင်ခဲ့သည်ဟု ဝါရှင်တန်ပို့စ် သတင်းစာက အောက်တိုဘာ ၂၆ ရက်တွင် ထုတ်ဖော်ရေးသားခဲ့သည်။
သူသည် စတန်းဖို့ဒ်တက္ကသိုလ်သို့ တက်ရောက်ရန်အတွက် ၁၉၉၅ ခုနှစ်တွင် ကာလီဖိုးနီးယားပြည်နယ် Palo Alto သို့ ရောက်ရှိခဲ့သော်လည်း သူသည် တက္ကသိုလ်၌ ကျောင်းအပ်ခြင်းမရှိ ခဲ့ကြောင်း၊ ယင်းအစား သူသည် Zip2 ကုမ္ပဏီ ဆော့ဖ်ဝဲကို ရေးဆွဲကာ ၁၉၉၉ ခုနှစ်ဝန်းကျင်တွင် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ဖြင့် ရောင်းချခဲ့သည်ဟု သတင်းစာက ဖော်ပြခဲ့သည်။
မတ်စ်သည် ကျောင်းသားတစ်ဦးအနေဖြင့် တရားဝင်အလုပ်လုပ်ခွင့်ကို ထိန်းသိမ်းထားရန် အချိန်ပြည့် ပညာဆည်းပူးမှုအတွက် ကျောင်းအပ်စာရင်းသွင်းရန် လိုအပ်မည်ဖြစ်သည်ဟု လူဝင်မှုကြီးကြပ်ရေးဥပဒေဆိုင်ရာ ကျွမ်းကျင်သူနှစ်ဦးကို ကိုးကား၍ သတင်းစာက ဆိုခဲ့သည်။
ယင်းနှင့်ပတ်သက်၍ သူ၏ ကုမ္ပဏီလေးခုဖြစ်သော SpaceX ၊ Tesla၊ လူမှုမီဒီယာကုမ္ပဏီ X နှင့် The Boring ကုမ္ပဏီတို့ထံ မှတ်ချက်ပေးရန် တောင်းဆိုခဲ့သော်လည်း မတ်စ်ကသော်လည်းကောင်း သူ့ရှေ့နေ အဲလက် စပီရာကသော်လည်းကောင်း တုန့်ပြန်ဖြေကြားခဲ့ခြင်း မရှိပေ။
မတ်စ်သည် ၁၉၉၇ သို့မဟုတ် ယင်းနှစ်ဝန်းကျင်တွင် အမေရိက၏အလုပ်ခွင့်ပြုချက်ကို ရရှိခဲ့သည်ဟု မတ်စ်၏ လုပ်ဖော်ကိုင်ဖက်ဟောင်းနှစ်ဦးက ပြန်ပြောပြခဲ့ကြောင်း ဝါရှင်တန်ပို့စ်က ဖော်ပြသည်။
မတ်စ်သည် နိုဝင်ဘာ ၅ ရက်တွင် ကျင်းပမည့် အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် ရီပတ်ဘလီကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ်ကို ထောက်ခံထားသူဖြစ်သည်။
ထရန့်သည် ရွှေ့ပြောင်းအခြေချသူများကို ကျူးကျော်သူများ၊ ရာဇဝတ်သားများအဖြစ် နှစ်ပေါင်းများစွာ သတ်မှတ်ပုံဖော်ခဲ့သူဖြစ်ပြီး သူ၏ ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ သမ္မတသက်တမ်းကာလအတွင်း တရားဝင်နှင့် တရားမဝင် ရွှေ့ပြောင်းအခြေချသူများကို တားဆီးရန် တင်းကျပ်သော အစီအမံများကို ဖော်ဆောင်ခဲ့သည်။ သူ ပြန်လည်ရွေးကောက်ခံရပါက အမေရိကသမိုင်းတွင် အကြီးမားဆုံး ပြည်နှင်ဒဏ်ပေးရေးအစီအစဉ်ကို ဆောင်ရွက်သွားမည်ဟုလည်း ထရမ့်ပ်က ကတိပြုထားခဲ့သည်။
Ref: အေးရှားဝမ်း
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
