ရန်ကုန်နှင့် မန္တလေးရှိ စက်သုံးဆီအရောင်းဆိုင် ၁၆ ဆိုင်မှာ ဆီရှိလျက် မရောင်းခြင်း၊ ခွင့်ပြုချက်မရဘဲ အခြားနေရာသို့ ဆီသယ်ခြင်း၊ သတ်မှတ်ရည်ညွှန်းစျေးထက် ပိုရောင်းခြင်းများကြောင့် အရေးယူထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်သည်။
ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး မြို့နယ်အချို့ရှိ စက်သုံးဆီအရောင်းဆိုင် ၁၆ ဆိုင်သည် စက်သုံးဆီရှိလျက် ရောင်းချမပေးခြင်း၊ ခွင့်ပြုချက်မရဘဲ ဆီသယ်ယာဉ် (Bowser) ဖြင့် အခြားနေရာများသို့ သယ်ယူပို့ဆောင်ခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ဌာနဆိုင်ရာ တာဝန်ရှိသူများက စိစစ်တွေ့ရှိရသဖြင့် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေနှင့်အညီ စီမံခန့်ခွဲရေး နည်းလမ်းအရ သတ်မှတ်ဒဏ်ကြေးတပ်ရိုက်ခြင်း၊ လိုင်စင်ကို ကာလအကန့်အသတ်ဖြင့်ရပ်ဆိုင်းပြီး စက်သုံးဆီအရောင်းဆိုင်ကို ယာယီပိတ်သိမ်းခြင်းများ အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
လက်ရှိတွင် စက်သုံးဆီအရောင်းဆိုင်များကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များနှင့် ရှောင်တခင်ဝင်ရောက်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်ဟု ရန်ကုန်တိုင်းရှိ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်များထံမှ သိရသည်။
တိုင်းဒေသကြီး/ပြည်နယ်များတွင် တရားမဝင်စက်သုံးဆီသိုလှောင် သယ်ယူဖြန့်ဖြူးရောင်းချမှုများ ပပျောက်စေရန်အတွက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာပူးပေါင်းဖွဲ့များဖြင့် စစ်ဆေးဖော်ထုတ်ဆောင်ရွက်လျက်ရှိပြီး ပြည်သူများအနေဖြင့် တရားမဝင် စက်သုံးဆီ သိုလှောင်သယ်ယူဖြန့်ဖြူးရောင်းချမှုများနှင့်ပတ်သက်၍ သတင်းရရှိပါက အဆိုပါအဖွဲ့များသို့ သတင်းပေးပို့တိုင်ကြားနိုင်ကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလလယ်ပိုင်းကလည်း စက်သုံးဆီရှိလျက်နှင့် ရောင်းချပေးခြင်းမရှိသည့် ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင် သုံးဆိုင်ကို အရေးယူခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
