ရန်ကုန်တွင် ဒီဇယ်တစ်လီတာ ကျပ်နှစ်ရာကျော်နှင့် ဓာတ်ဆီတစ်လီတာလျှင် ကျပ်တစ်ရာကျော် မြင့်တက်လာကြောင်း စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ဈေးနှုန်းများအရ သိရသည်။
ဒီဇင်ဘာ ၂၂ ရက်တွင် ရောင်းချလျက်ရှိသည့် စက်သုံးဆီဈေးနှုန်းများမှာ ၉၂ တစ်လီတာလျှင် ကျပ် ၂၅၆၀၊ ၉၅ တစ်လီတာလျှင် ကျပ် ၂၆၆၀၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ကျပ် ၂၄၆၀၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ကျပ် ၂၄၁၀ ဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာ ၂၁ ရက်တွင် ရောင်းချခဲ့သည့် ဈေးနှုန်းများမှာ ၉၂ တစ်လီတာလျှင် ကျပ် ၂၄၄၅၊ ၉၅ တစ်လီတာလျှင် ကျပ် ၂၅၄၅၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ကျပ် ၂၂၄၀၊ ရိုးရိုးဒီဇယ် တစ်လီတာ လျှင် ကျပ် ၂၁၈၅ ဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် ၉၂ နှင့် ၉၅ တစ်လီတာလျှင် ၁၁၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ကျပ် ၂၂ဝနှင့် ရိုးရိုးဒီဇယ်တစ်လီတာလျှင် ၂၂၅ ကျပ်မြင့်တက်လာခြင်းဖြစ်သည်။
ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အချို့က သီလဝါတွင် ဆီဘောက်ဆာမှ စက်သုံးဆီထုတ်ယူနေသဖြင့် ခေတ္တအရောင်းပိတ်ထားကြောင်း အသိပေးစာတန်းများ ချိတ်ဆွဲထားပြီး ရောင်းချလျက်ရှိသည့် ဆီဆိုင်များတွင်လည်း တန်းစီဝယ်ယူနေသည့် မော်တော်ယာဉ်အချို့ကို တွေ့ရသည်။
ဒီဇင်ဘာ ၂၁ ရက်တွင် ဗဟိုဘဏ်က စက်သုံးဆီတင်သွင်းရောင်းချသူများကို ဒေါ်လာ ၁၂ သန်းကျော် ရောင်းချပေးထားကြောင်း ထုတ်ပြန်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
