ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့ နယ်၊ သူဌေးကုန်းကျေးရွာတွင်Drop Bomb ဖြင့် တိုက်ခိုက်ခံရမှုကြောင့် နှစ်ဦးသေဆုံးကာ ကလေးငယ်တစ်ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ ကြောင်း နစကမှ ထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၉ ရက် ညနေ ၅ နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံ ခါးမြို့နယ်၊ သူဌေးကုန်းကျေးရွာအတွင်းသို့ PDF များက ကျေးရွာ၏ အရှေ့မြောက်ဘက် သုံးမိုင်ခန့်အကွာမှနေ၍ ဒရုန်းအသုံးပြုပြီးDrop Bombများ ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ကျေးရွာအတွင်း Drop Bomb တစ်လုံးကျ ရောက် ပေါက်ကွဲခဲ့ရာ အဆိုပါကျေးရွာနေ အမျိုးသမီးနှစ်ဦး ဗုံးစထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကာ အသက် (၂) နှစ်အရွယ် က လေးငယ်တစ်ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ ကြောင်း နစကမှ ထုတ်ပြန်သည်။
အထက်ပါဖြစ်စဉ်မှ ထိခိုက်ဒဏ်ရာရရှိခဲ့ သည့် ကလေးငယ်အား ကျောက်တံခါးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေ လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
