တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်း မြို့နယ် ညောင်ဇင်ကျေးရွာရှိ နေအိမ်များကို ဝင်ရောက်မွှေနှောက်၍ ပစ္စည်းများ ရယူမှုမရှိ ဘဲ ၎င်းင်းကျေးရွာသို့ တပ်မတော် စစ်ကြောင်း က သွားရောက်ခဲ့ခြင်းပင်မရှိဟု နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့က ထုတ်ပြန်သည်။
သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ကျေး ရွာအတွင်းရှိ နေအိမ်များကို ဒီဇင်ဘာ ၁၇ ရက်က ဝင်ရောက်မွှေနှောက်၍ တန်းဖိုးရှိ ပစ္စည်းများ အတင်းအဓမ္မရယူခဲ့သော စစ် ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု အွန်လိုင်းမီဒီယာတစ်ခုက လူမှုကွန်ရက်စာ မျက်နှာတွင် ရေးသားဖော်ပြခဲ့မှုနှင့်ပတ်သက် ၍ နစကက ပြန်လည်ရှင်းလင်းထုတ်ပြန်ခြင်း ခြစ်သည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက် ဆိုင်ရာနယ်မြေမှ တာဝန်ရှိသူတစ်ဦး၏ ပြော ကြားချက်အရ ဒီဇင်ဘာ ၁၇ ရက်တွင် တပ်မ တော်မှ သရက်ချောင်းမြို့နယ်၊ ညောင်ဇင် ကျေးရွာသို့ သွားရောက်ခဲ့ခြင်းမရှိကြောင်း နှင့် မိုင်းဆွဲတိုက်ခိုက်ခံရသည်ဆိုသည်မှာ လည်း သတင်းအမှားသာဖြစ်ကြောင်း သိရှိ ရကြောင်း နစကက ထုတ်ပြန်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
