လယ် ၁၀ ဧကအထက် ပိုင်ဆိုင်သည့် တောင်သူလယ်သမားကြီးများအတွက် တစ်ဧကလျှင် ကျပ်လေးသိန်းထုတ်ချေးမည်ဖြစ်သည့် ကာလတိုချေးငွေလျှောက်လွှာရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဖိတ်ခေါ်ထားသည်။
လယ်ယာမြေ ၁၀ ဧကအထက် ပိုင်ဆိုင်သည့် တောင်သူလယ်သမားကြီးများ၏ဆန် စပါးစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်စေေရေးအတွက် ကာလတိုချေးငွေအဖြစ် တစ်ဧကလျှင် ကျပ်လေးသိန်းထုတ်ချေးပေးနိုင်ရေးကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် လိုင်စင်ရပုဂ္ဂလိကဘဏ်များ စီစဉ်နေသည်။
အဆိုပါအစီအစဉ်အရ ပုံစံ(၇)မူရင်း အား အာမခံအဖြစ် တင်ပြလျှောက်ထားရန် စပါးသီးနှံတစ်ရာသီလေးလမှ ငါးလအထိ ချေးငွေကာလထားရှိရန်၊ အတိုးနှုန်းကို တစ်နှစ်လျှင် ၁၀ ရာခိုင်နှုန်းခန့်ဖြင့် ထုတ်ချေးပေးရန်၊ တစ်ဧကလျှင် ကျပ်လေးသိန်းနှုန်းဖြင့် ဧက ၁၀၀ အထိ ထုတ်ချေးပေးရန်၊ လျှောက်လွှာများကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် မှတဆင့် သက်ဆိုင်ရာဘဏ်များသို့ စိစစ်ပေးပို့ရန် ညှိနှိုင်းထားကြောင်း သိရသည်။
သို့ဖြစ်ရာ အဆိုပါအစီအစဉ်တွင် ပါဝင်လျှောက်ထားလိုသည့် လယ်ယာမြေ ၁၀ ဧကအထက် ပိုင်ဆိုင်သည့် တောင်သူလယ်သမားကြီးများသည် သတ်မှတ်လျှောက်လွှာ ပုံစံဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ admin@mrf.com.mm ဖြင့်လည်းကောင်း၊ Viber Phone ၀၉၄၀၀၀၆၇၂၄၀ ဖြင့်လည်းကောင်း ပေးပို့လျှောက်ထားနိုင်ကြောင်း သိရသည်။
“Big Farmers ” နဲ့ပတ်သက်ရင် အခုလာမယ့် နွေစပါးရာသီမှာ ဧကတစ်သိန်းစတင် ဆောင်ရွက်နိုင်ဖို့ ပြင်ဆင်နေပါတယ်။ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ နေပြည်တော်ကောင်စီနယ်မြေတွေမှာ တောင်သူ လယ်သမားကြီးစာရင်းတွေ ယူထားတာရှိပါတယ်။ အဲဒါတွေကို စိစစ်ပြီး ဧကတစ်သိန်းကို အခုလာမယ့်နွေစပါးရာသီက စတင်ပြီး တော့ တစ်ဧကကို လေးသိန်းနှုန်းနဲ့ စိုက်ပျိုး စရိတ်ချေးငွေပေးနိုင်တဲ့အနေအထား ဖြစ်အောင် စီစဉ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောကြားသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် မြန်မာနိုင်ငံတစ်ဝန်းရှိ တောင်သူလယ်သမားများသို့ စိုက်ပျိုးစရိတ်အရင်းအနှီးများရရှိစေရေးအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို နှစ်စဉ်ထုတ်ချေးပေးလျက်ရှိသည်။
“အခုက Pilot Project အနေနဲ့ စမ်းပြီး ဆောင်ရွက်သွားဖို့ရှိပါတယ်။ တကယ်တမ်း ပြောရရင် အစိုးရဘက်က စိုက်ဘဏ်ကနေပေးတဲ့ တစ်သိန်းခွဲက ၁၀ ဧကအထိပဲ ရတာ။ Big Farmers တွေကလည်း ၁၀ ဧကအထိပဲ ချေးငွေရတယ်။ တချို့လည်း နာမည်တွေခွဲပြီး လုပ်ကြတာပေါ့နော်။ ဒါပေမဲ့ ဘယ်လိုပဲပြောပြော ပုံစံ(၇)ကို နာမည်မခွဲနိုင်တဲ့ လူတွေလည်းရှိပါတယ်။ ကျွန်တော်တို့ကတော့ တစ်ဧကကို လေးသိန်းလောက် စိုက်ပျိုးစရိတ်ချေး ငွေပေးဖို့ ပြင်ဆင်နေတဲ့အနေအထား ဖြစ်ပါတယ်။ အဲဒီအတွက် တစ်ဧကအထွက်နှုန်းတိုး အောင် သဘာဝမြေသြဇာတို့၊ ဓာတ်မြေသြဇာတို့ မျှတစွာသုံးနိုင်မယ်။ ကောင်းတဲ့မျိုးတွေ ရှာဖွေပြီးတော့ စိုက်နိုင်မယ်။ ထွက်လာတဲ့ သီးနှံကိုလည်း နီးစပ်ရာစက်ပိုင်တွေကုန်သည်တွေနဲ့ ပြန်ရောင်းနိုင်မယ့် အစီအစဉ်မျိုးကိုလည်း ချိတ်ဆက်ဆောင်ရွက်ပေးမယ်။ ဒါတွေ စီစဉ်ထားပါတယ်” ဟု ၎င်းက ဆိုသည်။
ထို့ပြင် တောင်သူများအတွက် နိုင်ငံ့စီး ပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တစ်ဧကလျှင် ကျပ်နှစ်သိန်းနှင့်ညီမျှသည့် သွင်းအားစုများ ထောက်ပံ့ပေးမှုအစီအစဉ်များကို စိုက်ပျိုးရေး ဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
