လီဟာနက်စ် - ဆယ်လ်တာဗီဂို (တနင်္ဂနွေည ရး၃၀ နာရီ)
လီဟာနက်စ် ကစားပုံ မဆိုးလှဘူး။ အိမ်ကွင်းမှာလည်း ကစားပုံကောင်းတယ်။ ဆယ်လ်တာကစားပုံ တက်လာတာမှန်ပေ မဲ့ အဝေးကွင်းမှာတော့ လိုအပ်ချက်ရှိသေးပြီး တိုက်စစ်ကလည်း အဝေးကွင်းမှာ ဂိုးရရေးရုန်းကန်ရလေ့ရှိလို့ လီဟာနက်စ်ကိုပဲ ရွေးထားချင်တယ်။ ဂိုးတော့ နည်းသွားနိုင်တယ်။
ဂီတာဖေး - ဗလင်စီယာ (တနင်္ဂနွေည ၉း၄၅ နာရီ)
ဗလင်စီယာကတော့ ရုန်းနေရတုန်းပဲ။ ခံစစ်ပိုင်းက တက် လာသလို တွေ့ရပေမဲ့ တိုက်စစ်ကတော့ အတော်လေးအားနည်း နေလို့ အိမ်ကွင်းမာတဲ့ ဂီ တာဖေးဘက်ကိုလည်း ဂိုးရဖို့ ခက်နေဦး မှာ သေချာတယ်။ အိမ်ရှင် ဂီတာဖေးနဲ့ ဂိုးအနည်းပဲ ပိုကြိုက်နေ မိတယ်။
ဘက်တစ် - အက်သလက်တီကို (တနင်္လာနံနက် ၀၀း၀၀ နာရီ)
အဝေးကွင်းမှာတော့ အက်သလက်တီကို ရဲ့ကစားအား ကို ပုံမှန်မှန်းဆရမလွယ်သေးသလို ဖြစ်နေတယ်။ အခုနောက် ပိုင်း အက်သလက်တီကိုရဲ့ ခံစစ်ကစားပုံကလည်း နည်းနည်း ပုံပျက်နေသလိုပဲ။ တိုက်စစ်မှာလည်း အသစ်ခေါ်ယူထားတဲ့ အယ်လ်ဗာရက်ဇ်တို့ ပုံမှန်ခြေစွမ်းမရသေးတာကြောင့် အဝေး ကွင်းပွဲတွေမှာ ဂိုးရဖို့ ရုန်းကန်နေရပုံလည်းပေါ်နေတယ်။ ဘက် တစ်ကတော့ အိမ်ကွင်းကစားပုံ ပိုမာကျောတယ်။ အထူးသဖြင့် ခံစစ်ကစားပုံမဆိုလှဘူး။ ဒါပေမဲ့ တိုက်စစ်ပိုင်းကတော့ ဂိုးရဖို့ ခက်နေတတ်တဲ့ပုံမျိုးတွေ့နေရလို့ အက်သလက်တီကိုလို ခံ စစ်ပိုင်းအစဉ်အလာကောင်းတဲ့ အသင်းကို ဂိုးရဖို့အတော်လေး ရုန်းရမယ် ထင်တယ်။ ပြီးတော့ အက်သလက်တီကိုတို့ ကြား ရက်မှာ ချန်ပီယံလိဂ်ပွဲနွဲှထားတာကို သတိထားရမယ်။ ဂိုးနည်း သရေပွဲလို့ပဲ မှန်းထားလိုက်မယ်။
ဆိုစီဒက် - အိုဆာဆူနာ (တနင်္လာနံနက် ၂း၃၀ နာရီ)
နိုင်ငံတကာပွဲတွေအပြီးမှာ ဆိုစီဒက်အသင်းရဲ့ကစားပုံက အသားပိုကျလာသလို တွေ့ရပြီး ကျစ်ကျစ်လျစ်လျစ်နဲ့လည်း ပိုကစားလာနိုင်တယ်။ အိုဆာဆူနာကလည်း အဝေးကွင်းမှာ ထိန်းကစားနိုင်တဲ့အသင်း ဆိုပေမဲ့ အခုနောက်ပိုင်းခံစစ်ကစား ပုံ နည်းနည်းလျော့နေတယ်။ ပုံစံကောင်းနေတဲ့ ပြနေတဲ့ အိမ်ရှင် ဆိုစီဒက်တို့ အမှတ်ယူဦးမှာဖြစ်ပြီး ဆိုစီဒက်နဲ့ ဂိုးအနည်းကို ရွေး ထားချင်တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
