ချယ်လ်ဆီးအသင်းမှ ယခုနွေရာသီတွင်ထွက်ခွာရန် ဂျာမန်လက်ရွေးစင်နောက်ခံလူ ရူဒီဂါစီစဉ်နေ
24htopnews | October 28, 2024 2:12 AM CST
ချယ်လ်ဆီးအသင်း၏ ဂျာမန်လက်ရွေးစင်နောက်ခံလူ ရူဒီဂါသည် ယခုနွေရာသီတွင် ချယ်လ်ဆီးအသင်းမှထွက်ခွာရန် စီစဉ်နေကြောင်း The Athletic သတင်းစာက ဖော်ပြခဲ့သည်။
ရူဒီဂါသည် ၂၀၁၇ ခုနှစ်တွင် ရိုးမားအသင်းမှ ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာသူဖြစ်ပြီး သူ၏လက်ရှိစာချုပ်မှာ လာမည့် ၂၀၂၂ ခုနှစ် နွေရာသီတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။
သို့ဖြစ်ရာ စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်ရှိတော့သော ၎င်းအား ချယ်လ်ဆီးအသင်းက စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်လျက်ရှိနေသည်။ သို့သော် ရူဒီဂါ (၂၈ နှစ်)က ချယ်လ်ဆီး အသင်းအနေဖြင့် သူ့အား အနိမ့်ဆုံး (၄)နှစ် သက်တမ်းရှိ စာချုပ်သစ်ချုပ်ဆိုရန် တောင်းဆိုနေပြီး ယင်းကိစ္စအတွက် နှစ်ဦးနှစ်ဖက်သဘောတူညီမှုမရရှိသေးကြောင်း သိရသည်။
သို့ဖြစ်ရာ ၎င်းအနေဖြင့် အသင်းကိုစွန့်ခွာရန် စဉ်းစားနေကြောင်း The Athletic ကဖော်ပြခဲ့သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
