ဝုလ်ဗ်တောင်ပံကစားသမား ထရာအိုရေးအား ခေါ်ယူရန် ချယ်လ်ဆီးအသင်းနည်းပြ တူဟယ်လ်ပစ်မှတ်ထားနေ
24htopnews | October 28, 2024 2:12 AM CST
ချယ်လ်ဆီးအသင်းနည်းပြ တူဟယ်လ် သည် ဝုလ်ဗ်အသင်းမှ စပိန်တောင်ပံကစားသမား အဒါမာထရာအိုရေးအား ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရှိရသည်။
ချယ်လ်ဆီးအသင်းသည် စီးရီးအေကလပ်အင်တာမီလန် အသင်းမှ မော်ရိုကို ညာနောက်ခံကစားသမား ဟာကီမီအားခေါ်ယူရန် ပေါင် (၅၆)သန်းဖြင့် ကမ်းလှမ်းခဲ့ရာ အင်တာမီလန်အသင်းတာဝန် ရှိသူများက လက်မခံခဲ့ဘဲ ငြင်းဆန်ပယ်ချခဲ့သည်။ သို့ဖြစ်ရာ တူဟယ်လ်သည် ထရာအိုရေးအားခေါ်ယူရန် ပစ်မှတ်ထားနေခြင်းဖြစ် ကြောင်းသိရသည်။
တူဟယ်လ်သည် ချယ်လ်ဆီးအသင်း၏ ညာတောင်ပံအခြမ်းကိုအားဖြည့် ရန်စီစဉ်နေပြီး ညာနောက်ခံကစားသမား ရီးစ်ဂျိမ်းစ်နှင့် ချိတ်ဆက်ကစားမည့် တောင်ပံကစားသမားတစ်ဦးကို ရှာဖွေနေခြင်းဖြစ်သည်။
ထရာအိုရေးသည် ၂၀၁၈ ခုနှစ်တွင် မစ်ဒယ်ဘရော့ အသင်းမှ ဝုလ်ဗ်အသင်းသို့ရောက်ရှိလာသူဖြစ်ပြီး အသင်းအတွက် (၃)ရာသီအတွင်းပြိုင်ပွဲစုံ (၁၃၁)ပွဲကစားကာ (၁၀)ဂိုးသွင်းပေးထားသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
