ချယ်လ်ဆီးအသင်း၏ နည်းပြဟောင်းလမ်းပတ်က ၎င်းရာထူးမှ ထုတ်ပယ်ခံရပြီးနောက် အစားဝင်လာသည့် သောမတ်စ်တူဟယ်လ်နှင့်အတူ ချယ်လ်ဆီးအသင်း ချန်ပီယံလိဂ်ဖလားရခဲ့ခြင်းအပေါ်အမြင်ကို ပထမဆုံးအကြိမ်အဖြစ် ထုတ်ဖော်ပြောကြားခဲ့သည်။
"အရင်ဆုံးပြောရမှာက ဘယ်သူမှ ကိုယ့်ရဲ့နည်းပြ ရာထူးကို အဆုံးရှုံးမခံချင်ပါဘူး။ ကျွန်တော်နဲ့ ချယ်လ်ဆီးအသင်းတို့က လက်တွဲမှုကောင်း ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ထိပ်တန်းအဆင့်တွေမှာ ဒီလိုတွေဖြစ်တတ်တယ်ဆိုတာ ဘောလုံးရဲ့ ရက်စက်တဲ့ အမှန်တရားပါပဲ။ ကျွန်တော့်အနေနဲ့ကတော့ ကျွန်တော်လုပ်ခဲ့တာတွေအတွက် ဂုဏ်ယူပါတယ်။ ချယ်လ်ဆီးလို အသင်းကြီးကို ကိုင်တွယ်ခွင့်ရတာ ဝမ်းသာစရာဖြစ်သလို၊ ကျွန်တော်က အပြောင်းအရွှေ့အပိတ်ခံရပြီး အေ ဒင်(ဟာဇက်)လို ကစားသမားမျိုးကို ဆုံးရှုံးထားချိန်မှာ ရောက်လာခဲ့တာဖြစ်လို့ အရမ်းခက်ခဲပါတယ်။ တစ်နှစ်အတွင်း အရမ်းကြိုးစားခဲ့ရပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် လုပ်ပေးနိုင်ခဲ့တယ်။ မေဆန်မောင့် လို ကစားသမားမျိုး ထွက်ပေါ်လာပြီး နောက်ထပ်လူငယ်ကြယ်ပွင့်တွေ မွေးထုတ်ပေးနိုင်ခဲ့တယ်။ ချယ်လ်ဆီးအသင်းရဲ့ ချန်ပီယံလိဂ်ရခဲ့တဲ့ ခရီးလမ်းမှာ ကျွန်တော်က ဖောင်ဒေးရှင်းချပေးခဲ့တဲ့ အစိတ်အပိုင်းမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ သောမတ်စ်က အလားအလာရှိတဲ့ အသင်းကို တကယ်ဖြစ်လာအောင် အကောင်းဆုံး လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်"ဟု ပြောကြားခဲ့သည်။
လမ်းပတ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲကို မိသားစုနှင့်အတူ အားပေးခဲ့ပြီး ချယ်လ်ဆီးအသင်းသည် ယင်းအောင်မြင်မှုနှင့် ထိုက်တန်သည့် အသင်းဖြစ်သည်ဟုလည်း ဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
