ဘာစီလိုနာအသင်း၏ ဥက္ကဋ္ဌ လာပေါ်တာသည် ဂျူဗင်တပ်စ်အသင်းမှ နယ်သာလန်နောက်ခံလူ ဒီလစ်ကို ယခုနွေရာသီတွင် ခေါ်ယူရန် ဆန္ဒရှိနေပြီး ဂရီးဇ်မန်း သို့မဟုတ် ဒမ်ဘီလီနှင့် အလဲအထပ်ပြုလုပ်၍ ကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရသည်။
ဘာစီလိုနာအသင်းသည် ဒီလစ်ကို အေဂျက်စ် အသင်းတွင် ရှိစဉ်ကတည်းက ခေါ်ယူရန် ချိန်ရွယ်ခဲ့ဖူးပြီး ယခု ဥက္ကဋ္ဌသစ်ဖြစ်လာသည့် လာပေါ်တာကလည်း ၎င်းကို အကြိုက်တွေ့သည့်အတွက် ထပ်မံ ကြိုးပမ်းရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
လာပေါ်တာသည် နယ်သာလန်လက်ရွေးစင်အသင်းဖော်များ ဖြစ်သည့် ဒီယွန်းနှင့် ဒီလစ်တို့ နှစ်ဦးစလုံးကို အသင်း တွင် ပိုင်ဆိုင်လိုခြင်းကြောင့် မကြာမီ ကမ်းလှမ်းသွား ရန် စီစဉ်နေကြောင်း သိရသည်။ သို့သော် ဘာစီလိုနာ အသင်းသည် ဘဏ္ဍာရေးပြဿနာနှင့် ရင်ဆိုင်နေရ သည့်အတွက် ငွေကြေးများစွာ သုံးစွဲနိုင်ခြင်းမရှိသောကြောင့် အသင်းမှ ကစားသမားများကို အသုံးပြုရန် စီစဉ်နေခြင်းလည်းဖြစ်သည်။
ဘာစီလိုနာအသင်း သည် အနာဂတ်အတွက် ရည်ရွယ်ထားသည့် ကစားသမားအနည်းငယ်မှလွဲ၍ ကျန်ကစားသမားများကို အပြောင်းအလဲပြုလုပ်ရန် ရည်ရွယ်ထားရာ ရောင်းထုတ်မည့် ကစားသမားများထဲတွင် ဂရီးဇ်မန်းနှင့် ဒမ်ဘီလီတို့လည်း ပါဝင်နေသည်။
ဂျူဗင်တပ်စ်အသင်းကလည်း ပေါ်တူဂီဝါရင့် တိုက်စစ်မှူး စီရော်နယ်လ်ဒို၏နေရာတွင် တိုက်စစ်မှူးအသစ် ခေါ်ယူအစားထိုးရန် ပြင်ဆင်နေပြီး ဂရီးဇ်မန်းကို မျက်စိကျနေကြောင်း သိရသည်။ ထို့ကြောင့် ဘာစီလိုနာအသင်းက ဒီလစ်ကို ခေါ်ယူရန်အတွက် ဂရီးဇ်မန်းနှင့် ဒမ်ဘီလီတို့ကို အသုံးပြုရန် စီစဉ်ခြင်း လည်းဖြစ်သည်။
ဘာစီလိုနာအသင်းသည် ပြင်သစ် တိုက်စစ်ကစားသမား ဒမ်ဘီလီကို အသင်းတွင် ဆက်လက်ထားရှိလိုသော်လည်း စာချုပ်သက်တမ်း (၁)နှစ်သာကျန်ရှိတော့၍ စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းမှုကို လက်မခံပါက ယခုရာသီတွင် ရောင်းထုတ်ရန် စီစဉ်ထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
