စပါးအသင်း၏ နည်းပြဟောင်းတစ်ဦးဖြစ်သည့် မော်ရင်ဟိုက အင်္ဂလန်အသင်းနှင့် ခရိုအေးရှားအသင်းတို့ကစားခဲ့သည့် ယူရိုအဖွင့်ပွဲစဉ်တွင် ဟာရီကိန်း၏ ခြေစွမ်းနှင့် ပတ်သက်သည့် ဝေဖန်မှုများကို ကာကွယ်ပြောဆိုမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။
ဟာရီကိန်းသည် ယင်းပွဲတွင် သူ၏ အကောင်းဆုံးပုံစံကို ပြသနိုင်ခဲ့ ခြင်းမရှိဘဲ ဘောလုံးထိချက်မှာလည်း (၂၆)ချက်သာ ရှိခဲ့ရာ အင်္ဂလန်အသင်း၏ ပွဲထွက်ကစားသမားများထဲ တွင် ထိချက်အနည်းဆုံးကစားသမား ဖြစ်ခဲ့သည်။
မော်ရင်ဟိုကမူ "ကျွန်တော့်အမြင်မှာတော့ ဟာရီက သူလုပ်ရမယ့် အလုပ်ထဲက တစ်ဝက်ကိုဘောလုံးမထိဘဲ လုပ်ခဲ့ပါတယ်။ ဒီလိုတိုက်စစ်မှူးမျိုးတွေရှိပါတယ်။ ဘောလုံးနဲ့ ခြေထောက်မထိဘဲ ပြိုင်ဘက်ခံစစ်ကစားသမားတွေကို ဒုက္ခပေးတတ်တဲ့ သူတွေပါ။ ဗီဒါဟာ ရာဟင်းမ်(စတာလင်) ရဲ့ပြေးလမ်းကြောင်းမှာ ရှိနေရမယ့်အစား ဟာရီရဲ့ လှုပ်ရှားမှုမှာ မျောပါသွားခဲ့တယ်။ ပြီးတော့ ကယ်လ်ဗင်ဖီးလစ်ကို ကြည့်ပါ။ သူက ဟာရီလှုပ်ရှားတာကို တွေ့တယ်။ ဟာရီလှုပ်ရှားတဲ့ အတွက် သူ လုပ်စရာ (၂)ခုရှိသွားပြီး ဘောလုံးကို မပေးဘဲ ဟာရီဖန်တီး ပေးခဲ့တဲ့ နေရာလွတ်ထဲကို ဆွဲတက်သွားနိုင်ခဲ့တယ်။ တိုက်စစ်မှူးကောင်းဆိုတာ ဒါပဲ။ ဂိုးမသွင်းနိုင်ရင်တောင် သူတို့က အရေးပါနေဆဲပဲ။ ကာရင်းမ် (ဘန်ဇီမာ) နဲ့ ဟာရီကိန်းတို့က ဒီလိုတိုက်စစ်မှူးတွေဖြစ်ပြီး သူတို့က နံပါတ်(၁၀) တွေဖြစ်သင့်တယ်။ ဘောလုံးမှာတော့ ရွေ့လျားမှုတွေက အရာရာပါပဲ"ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
