ဇွန်လ ၁၄ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် စပိန် (၀-၀) ဆွီဒင်ပွဲတွင် ခြေစွမ်းမပြနိုင်ခဲ့သည့် တိုက်စစ်မှူး မိုရာတာအပေါ် ဝေဖန်မှုများကို အသင်းဖော်ဖြစ်သူ နောက်ခံအတွင်းလူ လာပေါ့တ်က ကာကွယ်ခဲ့ပြီး နောက်တစ်ကြိမ်တွင် သုံးဂိုးအထိ သွင်းယူနိုင်မည်ဟု တုံ့ပြန်ခဲ့သည်။
ဆီဗီးလ်မြို့တွင်ကစားသည့် ယင်းပွဲစဉ်၌ စပိန်ကစားသမားများသည် ပြိုင်ဘက်ဂိုး ပေါက်ရှေ့တွင် ခြိမ်းခြောက်နိုင်စွမ်းအားနည်း မှုကြောင့် ပရိသတ်များ၏လှောင်ပြောင်မှုလည်း ခံခဲ့ရသည်။ "အယ်လ်ဗာရို(မိုရာတာ) လို အမြောက်အမြားသက်သေပြပြီးသား တိုက်စစ်ကစားသမားတစ်ယောက်ကို သံသယရှိစရာ မလိုပါဘူး။ နောက်တစ်ကြိမ်မှာ သူ သုံးဂိုးသွင်းပြီး အားလုံးကို အသံတိတ်သွားစေလိမ့်မယ်"ဟု လာပေါ့တ်က ပြောကြားခဲ့သည်။
စပိန်နည်းပြ လူးဝစ်အင်းနရစ်ကလည်း မိုရာတာသည် ဆွီဒင်နှင့်ပွဲတွင် ကံမကောင်းခဲ့ဟု သုံးသပ်ခဲ့သည်။ စပိန်အသင်းသည် ယင်းပွဲ တွင် ဘောလုံးပေးပို့မှု ၉၁၉ ကြိမ်ရှိခဲ့ပြီး ယူရို- ၂၀၁၂ ပြိုင်ပွဲ၌ အိုင်ယာလန်နှင့်ပွဲတွင် တင်ရှိ ခဲ့သည့် အသင်း၏ကိုယ်ပိုင်စံချိန် ၈၅၉ ကြိမ် ကို ကျော်ဖြတ်ခဲ့သည်။
ထို့ပြင် စပိန်အသင်းသည် ပထမပိုင်းတွင် ဘောလုံးပေးပို့မှု ၄၁၉ ကြိမ်ရှိကာ ယူရိုပွဲစဉ်တစ်ပွဲ၌ ပထမပိုင်းပေး ပို့မှုအများဆုံးလည်း ဖြစ်ခဲ့သည်။ ပြိုင်ဘက် ဆွီဒင်အသင်း၏ကွင်းဘက်ခြမ်း၌ ဘောလုံး ပေးပို့မှု ၃၀၃ ကြိမ်ရှိကာ ယူရိုပွဲစဉ်တစ်ပွဲတည်းတွင် အများဆုံးဖြစ်ခဲ့ပြီး ဆွီဒင်အသင်းမှာမူ စပိန်ကွင်းဘက်ခြမ်း၌ ဘောလုံးပေးပို့မှု ၃၈ ကြိမ်ရှိကာ ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် အနည်းဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
