ဘာစီလိုနာအသင်းမှ အာဂျင်တီးနား လက်ရွေးစင်အသင်းခေါင်းဆောင် မက်ဆီ သည် ဖရီးကစ်သွင်းဂိုးအရေအတွက်တွင် မဟာပြိုင်ဘက် စီရော်နယ်လ်ဒို ကို ကျော်ဖြတ်နိုင်ခဲ့သည်ဟု စပိန်အားကစားသတင်းစာ Marca က သုံးသပ်ဖော်ပြခဲ့သည်။
ဇွန်လ ၁၄ ရက်ကကစားခဲ့သည့် ကိုပါအမေရိကပြိုင်ပွဲ အုပ်စု(A) အဖွင့်ပွဲစဉ် အာဂျင်တီးနား(၁-၁)ချီလီပွဲတွင် မက်ဆီက ၃၃ မိနစ်၌ ဖရီးကစ်ကန်သွင်းကာ ဦးဆောင်ဂိုးရ ယူခဲ့ပြီး ချီလီအသင်းအတွက်ချေပဂိုးကိုမူ တိုက်စစ်မှူး ဗားဂတ်စ်က ၅၇ မိနစ်တွင် ပြန် သွင်းခဲ့သည်။
မက်ဆီနှင့် စီရော်နယ်လ်ဒိုသည် အာဂျင်တီးနား-ချီလီပွဲမတိုင်မီ ဖရီးကစ်သွင်း ဂိုး ၅၆ ဂိုးစီ တူညီနေပြီး ယင်းဖရီးကစ်ဂိုးကြောင့် မက်ဆီက ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။ မက်ဆီသည် ဖရီးကစ်သွင်းဂိုး ၅၇ ဂိုး ကို ဘာစီလိုနာအတွက် ၅၀ ဂိုး၊ အာဂျင်တီးနား အတွက် ခုနစ်ဂိုး သွင်းယူခဲ့ပြီး စီရော်နယ်လ်ဒို မှာမူ မန်ယူအတွက် ၁၃ ဂိုး၊ ရီးယဲလ်အတွက် ၃၂ ဂိုး၊ ပေါ်တူဂီအတွက် ၁၀ ဂိုး၊ ဂျူဗင်တပ်စ် အတွက် တစ်ဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။
၂၀၁၇ ခုနှစ်တွင် စီရော်နယ်လ်ဒိုက ဖရီးကစ် သွင်းဂိုး ၄၉ ဂိုး၊ မက်ဆီက ၃၁ ဂိုးသာရှိခဲ့သော်လည်း နောက်ပိုင်းတွင် မက်ဆီက ဖရီးကစ်၌ ဂိုးပိုသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ မက်ဆီအနေဖြင့် အာဂျင်တီးနား အသင်းတွင် ၂၀၁၆ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း ရက်ပေါင်း ၁၆၇၂ ကြာမှ ဖရီးကစ်သွင်းဂိုး ပြန်ရရှိခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
