အဲရစ်ဆင်၏ကွင်းအတွင်းလဲကျမှုဖြစ်စဉ် ပေါ်ပေါက်ခဲ့ပြီးနောက် ရှေးဦးသူနာပြုနည်းသင်တန်းပေးရန် စီးရီးအေကလပ်များနှင့် အီတလီအသင်းကို FIGC ညွှန်ကြား
24htopnews | October 28, 2024 2:12 AM CST
ဒိန်းမတ်လက်ရွေးစင်ကွင်းလယ်လူ အဲရစ်ဆင်၏ကွင်းအတွင်းလဲကျမှုဖြစ်စဉ် ပေါ်ပေါက်ခဲ့ပြီးနောက် စီးရီးအေကလပ်အသင်း များနှင့် အီတလီလက်ရွေးစင်အသင်းအနေ ဖြင့် ရှေးဦးသူနာပြုစုနည်းသင်တန်းများပေး ရန် အီတလီဘောလုံးအဖွဲ့ချုပ်(FIGC) ဥက္ကဋ္ဌ ဂရာဗီနာက ညွန်ကြားခဲ့သည်။
အဲရစ်ဆင်လဲကျချိန်တွင် ခီယာ၏ရှေးဦးသူနာပြုစုပုံသည် FIGC အတွက် လမ်းညွှန်မှု ဖြစ်စေခဲ့သည်ဟုလည်း ဂရာဗီနာက ဝန်ခံစကားပြောကြားခဲ့သည်။
"အဲရစ်ဆင် နှလုံးခုန်ရပ်တန့်သွားသလိုမျိုး ကမ္ဘာ့အားကစားလောကမှာလည်း တူညီတဲ့အဖြစ်အပျက်တွေ ရှိခဲ့ပါတယ်။ ခီယာ လုပ်ဆောင်ခဲ့တာတွေအတွက် အသိအမှတ်ပြုလိုပါတယ်။ အဲရစ်ဆင်အနေနဲ့ သူ့ကို ကျေးဇူးတင်ရမှာပါ။ အဲရစ်ဆင် အမြန်ဆုံးပြန်ကောင်းလာဖို့ ကျွန်တော် ဆုတောင်းပါတယ်" ဟု ဂရာဗီနာက ပြောကြားခဲ့သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
