အီတလီရဲ့ ကွင်းလယ်ဗိသုကာအသစ် လိုကာတယ်လီ
24htopnews | October 28, 2024 2:12 AM CST
လိုကာတယ်လီက စီးရီးအေကလပ် ဆာဆူအိုလိုအသင်းရဲ့ မရှိမဖြစ်ကွင်းလယ်အသက်သွေးကြောဖြစ်ပါတယ်။ သူက ပြီးခဲ့တဲ့ရာသီမှာ ဆာဆူ အိုလိုအတွက် စီးရီးအေ (၃၄)ပွဲကစား ပေးခဲ့ပြီး (၄) ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၂)ကြိမ် ပြုလုပ်ပေးခဲ့တယ်။ တကယ်တော့ သူက ၂၀၁၆-၁၇ ရာသီကတည်းက နေ ပြီးခဲ့တဲ့ ရာသီအထိ (၅)ရာသီဆက် စီးရီးအေ ပွဲ(၂၀)နဲ့အထက် ကစားပေးခဲ့သူပါ။၂၀၁၆ ရာသီမှာ အသက် (၁၈)နှစ်ပဲရှိသေးတဲ့ လိုကာတယ်လီက စီးရီးအေ (၂၅)ပွဲအထိ ပွဲကစားခွင့်ရခဲ့တယ်။ လက်ရွေးစင်အသင်းမှာတော့ သူက ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ထဲ ရောက်မှ စတင်ပွဲထွက်ခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ Nations League ပြိုင်ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့လို့ နည်းပြမန်စီနီရဲ့ ယုံကြည်မှုကိုရခဲ့တယ်။ လက်ရွေးစင်ကစားသမားသက်တမ်း (၁) နှစ် မပြည့်သေးချိန်မှာ သူက အီတလီအတွက် (၁၁)ပွဲကစားပေးထားပြီး သွင်းဂိုး(၁) ဂိုးသွင်းယူပေးထားတယ်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
