စပါးအသင်းသည် လစ်လပ်နေသည့် နည်းပြရာထူးအတွက် ရိုးမားအသင်းနည်းပြဟောင်း ပေါ်လိုဖွန်ဆီကာကို အစားထိုးခန့် အပ်ရန် သဘောတူညီမှုရထားပြီး ယနေ့ စာချုပ်လက်မှတ် ရေးထိုးဖွယ်ရှိကြောင်း သိရသည်။
ဗြိတိန်အခြေစိုက် The Guardian သတင်းဌာန၏ ဖော်ပြချက်အရ စပါးအသင်းသည် ပေါ်တူဂီနည်းပြ ဖွန်ဆီကာကို ခန့်အပ်ရန် နီးစပ်နေပြီး ကနဦးနှစ်နှစ်စာချုပ်နှင့် တစ်နှစ်သက်တမ်းတိုးနိုင်သည့် အချက်ပါဝင်သော သုံးနှစ်စာချုပ် ချုပ်ဆိုဖွယ်ရှိကြောင်း သိရသည်။
အသက် ၄၈ နှစ်သာရှိသေးသည့် ဖွန်ဆီကာသည် ဒီဇမ်ဘရို၊ အိုဒီဗီလက်စ်၊ ပင်ဟာလ်နိုဗန့်စ်၊ အေဗက်စ်၊ ပါကို့စ်ဒီဖာရဲရား (နှစ်ကြိမ်)၊ ပေါ်တို၊ စပို့တင်းဘရာဂါ စသည့် ပေါ်တူဂီကလပ်များစွာကို ကိုင်တွယ်ခဲ့ဖူးပြီး ရှက်တာဒိုးနက်နှင့် ရိုးမားအသင်းတို့ကိုလည်း ကိုင်တွယ်ခဲ့သည်။ ၎င်းသည် ပေါ်တို၊ စပို့တင်းဘရာဂါ၊ ရှက်တာဒိုးနက်အသင်းတို့နှင့် ဆုဖလား အောင်မြင်မှုများရယူနိုင်ခဲ့ပြီး ရိုးမားအသင်းကိုလည်း ပထမရာသီ တွင် အဆင့် ၅ နှင့် ဒုတိယရာသီတွင် အဆင့် ၇ နေရာ ရပ်တည် နိုင်အောင် စွမ်းဆောင်ပေးခဲ့သည်။
စပါးအသင်းသည် မော်ရင်ဟိုကိုထုတ်ပယ်ပြီးနောက် လစ်လပ်နေသည့် အမြဲတမ်းနည်းပြရာထူးအတွက် ဘရန်ဒန်ရော်ဂျာ (လက်စတာ)၊ နာဂယ်စ်မန်း (ယခုဘိုင်ယန်မြူးနစ်)၊ ကွန်တီ (အင် တာမီလန်နည်းပြဟောင်း) တို့ကို ခန့်အပ်ရန် ကြိုးပမ်းခဲ့သော်လည်း အဆင်မပြေသဖြင့် ဖွန်ဆီကာနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အပြောင်းအရွှေ့ဆိုင်ရာကျွမ်းကျင်သူ အီတလီဂျာနယ် လစ် ဖာဘရီဇီယိုရိုမာနိုကလည်း ဖွန်ဆီကာနှင့် စပါးအသင်းတို့ အကြား မူအားဖြင့် သဘောတူညီမှုရထားပြီး ယနေ့တွင် စာချုပ်လက်မှတ်ရေးထိုးဖွယ်ရှိကြောင်း ၎င်း၏ Twitter တွင် ရေးသားဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
